အပိုင်း(၃၁)🦋

6.4K 261 20
                                    

🦋🦋🦋

သူမရဲ့ဘန်ဂလိုကိုမပို့ဘဲ ကိုယ့်ရဲ့ဘန်ဂလိုဘက်ကိုသာလျှောက်လာခဲ့ပြီး သူ့လက်မောင်းပေါ်မှာသောက်ထားတဲ့အရှိန်ကြောင့်ရဲနေတဲ့မျက်နှာလေးကိုတစ်ချက်ကြည့်လိုက်သည်၊၊

သူ့အပိုင်လေးကတကယ်ကို လှလွန်းပါ၏၊၊စိတ်မထိန်းနိုင်တဲ့အလျောက်သူမရဲ့နဖူးလေးကိုသူ့နှုတ်ခမ်းနဲ့အသာလေးထိကပ်နမ်းလိုက်သည်၊၊

Voice system ပါထည့်ထားတဲ့တံခါးမလို့seriကိုပြောပြီးပွင့်လာနဲ့ အထဲဝင်ပြီး တံခါးကိုခြေထောက်နဲ့တွန်းကန်ပြီးပြန်ပိတ်လိုက်သည်၊၊ဖိနပ်တွေကိုလည်းအကျအနမရှိမြန်မြန်ချွတ်ပြီး သူမကို အိပ်ခန်းဘက်ကိုသာတစ်ခါတည်းပွေ့ပြီးအသာခိပေးလိုက်သည်၊၊

"မောင့်အချစ်...မောင်တောင်းပန်ပါတယ်
မောင့်အတွက်အချစ်အဆင်ပြေဖို့ဘဲအရေးကြီးတယ်တွေးခဲ့တာမောင်လေ ချစ်ကိုနာကျင်စေတဲ့အတွက်မောင်တောင်းပန်ပါတယ်ကွာ"

သူမ မကြားနိုင်မှန်းသိပေမဲ့...ဆက်တိုက်ပြောနေတဲ့ရင်တွင်းဖြစ်စကားများ...ဘယ်သူမှမသိနိုင်ပါသူဘယ်လိုဖြတ်သန်းခဲ့ရသလဲဆိုတာ....

"အင်း.... ရေ....အင့်..."

လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့သူမကြောင့် သူမပြောနေတာသေချာကြားရအောင် သူမရဲ့နှုတ်ခမ်းလေးနားကို အနီးကပ်နားထောင်လိုက်သည်၊၊

"အင့်... ဖူး.... ရာရာ... ရေ...
ရေသောက်ချင်တယ်.."

သူမက အခုထိသူ့နဲ့ရှိနေမှန်းမသိတာကြောင့် အမရာတို့လို့သာထင်နေပုံရသည်၊၊ရေတောင်းသောက်နေတဲ့အချစ်လေးအတွက် စိုင်းစစ် အခန်းထဲကအမြန်ထွက်ပြီးရေကရားနဲ့ဖန်ခွက်လေးယူဝင်လာလိုက်ပြီး
ကုတင်ဘေးက်ိုခဏတင်ထားလိုက်သည်၊၊

အချစ်၏ကျစ်လျစ်လှသောခန္ဓာကိုယ်လေးကိုအသာမတင်ပြီးသူ့ရင်ခွင်ထဲမှာမှီစေကာဖန်ခွက်ထဲရေထည့်ပြီးတာနှင့်....သူမနှုတ်ခမ်းလေးနားတေ့ပေးထားလိုက်ကာ..

"အချစ်...ရေ ရပြီ.."

"အင်း.... ဂလု....ဂလု..."

"ဖြေးဖြေးသောက်ပါ.."

"ဂလု....အင်း..."

"ထပ်ယူဦးမလား.."

"ဟွန့်အွန်း...."

Tape Love Painting (OC)Where stories live. Discover now