အပိုင်း(၁၁)🦋

8.6K 141 2
                                    

🦋🦋🦋

မနက်စောစောထနေကျမို့ ၆ နာရီဆို နိုးပြီဖြစ်သည်.....အိပ်ယာကနေလှမ်းကြည့်လျှင်စိုင်းစစ် နဲ့တန်းတန်းပင်.....

အဖြူရောင် ချိုင်းပြတ်လေးဝတ်ထားတာကြောင့် လက်ပြင်တစ်လျောက်
အကြောစိမ်းလေးတွေ ကိုမြင်နေရပြီး
မလိ အခုမှ သေချာကြည့်မိသည် စိုင်းစစ် ကြွက်သား တွေက တော်တော်တောင့်တယ်....အဟမ်း...ဘာတွေတွေးနေတာလဲ...

အိပ်နေတာတောင် ဒီလောက်ချောတာ......
မနေနိုင်လို သာသာလေးထပြီး သူအိပ်နေတဲ့ဆိုဖာဘေးနား ငုတ်တုပ်လေးထိုင်ကာ
သူ့မျက်နှာအား လက်ညှိုးလေးနဲ့ထိကြည့်သည်....

ယောကျ်ား လေးဖြစ်ပြီးဘာလို့ ဒီလောက်တောင်ချောနေရတာလဲ.....ရှမ်းလူမျိုးစပ်တာကြောင့် အသားအရည်ကလည်း ဖြူနေတာဘဲ မလိလည်းမဲတဲ့ထဲမပါပေမဲ့ သူနှင့်ယှဥ်လျှင် မဖြူသလိုခံစားရသည်...

"ထိလို့ ဝပြီလား..."

မလိထမလို့လုပ်လိုက်တာကို သူ့ဘက်ဆွဲချလိုက်တော့ သူ့ပေါ်မှာ မှောက်ရက်သား ကျသွားသည်...မလိ ကိုမနေ့ကငိုအောင်လုပ်
တဲ့ စိုင်းစစ်ကြောင့် မလိပြန်စရန်ဆုံးဖြတ်လိုက်သည်....

"မဝသေးဘူး ဒီလို........ဒီနားတွေကော.....ဒီနေရာကော ထိချင်သေးတာ...."

မလိ သူရဲ့ မျက်နှာနားကနေတစ်ဆင့်
လည်ဇလုတ်ကို ထိလိုက်ပြီး ထိုမှတစ်ဆင့် ရင်ဘက်ကို လက်လေးနဲ့ ပွတ်သတ်လိုက်သည်...ပြီးတော့
အောက်လျှောကာ သူ့ရဲ့six packကို ကလိထိုးသလို ဖွဖွလေးကိုင်လိုက်သည်......

"အား......ကျစ် ..မလိ ကိုယ့်ကို ဆွနေတာလား ကိုယ်လည်းယောကျာ်းတစ်ယောက်နော်...."

"အော်ဘာလုပ်သေးလိုလဲ နင်ဘဲ မဝသေးဘူးလားဆိုလို့လေ ဝအောင် ထိပေးတာ နော်..."

"တော်တော့ကွာ ကိုယ် မင်းကိုမြင်ရင်တောင် ဖြစ်ချင်နေတာ ဒီလိုတွေ လိုက်ထိ နေတာ ကိုယ်က guy နော် gay မဟုတ်ဘူး မင်းသိလား"

"အမ်း gay ဟုတ်လား...."

ဒေါပွ နေတဲ့သူ့ကိုကြည့်ပြီး ရယ်ချင်လာတာကြောင့် သူ့ရင်ဘက်ပေါကို လက်နဲ့ လျောက်ကစားနေလိုက်သည်....သူများကိုကျတော့လုပ်ချင်ရာလုပ်ပြီး.....

Tape Love Painting (OC)Where stories live. Discover now