အပိုင်း(၃၄)🦋

10.7K 390 20
                                    

🦋🦋🦋🖤🖤🖤

ဖူးကိုယ််တိုင်လည်း Hanfuအပန်းရောင်လေးရွေးလိုက်သည်၊၊အမရာကအနီ၊ခူးလေးကအပြာကိုယ့်အကြိုက်ကိုယ်စီပေါ့...ဟိုနှစ်ယောက်ကတော့ သူတို့ကောင်မလေးတွေအတိုင်းဆင်တူအရောင်ရွေးပြီး
သွားဝတ်‌လေရဲ့၊၊

"အား...ဖူး...ဒီကို ခေါ်လာတာ
အရမ်းမိုက်...လှလိုက်တာကြည့်ဦး..."

ခေါင်းကပန်းဆံထိုးခွေကိုကိုင်လိုက်ဝတ်စုံ
ကိုကိုင်ပြီး တစ်ကိုယ်လုံးလှည့်ကာပြောနေတာကြောင့် ရာရာ ပျော်နေမှန်းသိသာသည်၊၊အဖူးလည်းကျေနပ်မိသား၊၊ခေါ်လာတာ
မမှားဘူး၊၊

ခဏကြာတော့အယ်မင်းကလည်း hanfuနဲ့ထွက်လာသည်၊၊အနီရောင်ဘဲမလို့မသိလျှင်လက်ထပ်တော့မယ့်သူတွေလိုပင်၊၊တရုတ်မှာမင်္ဂလာယူတဲ့အရောင်ကအနီလေ...ဆိုင်ရှင်ကတောင်သူတို့ကအရမ်းလိုက်ဖက်တာလင်မယားလားတဲ့...ဖူးကတော့မဟုတ်ပါဘူးဘဲပြောလိုက်တယ်၊၊

"အယ်အရမ်းသန့်မိုက်ခိုက်...ဟိဟိ...
ဘေဘီ့အယ်လေးကအရမ်းချောနေတာရော...တရုတ်မတွေတောင်ငေးနေပြီ...
လာ...ဒီနား"

ဘေဘီက..သူဘဲချီးကျူးပြီးသဝန်လေး
တိုနေတာကလေးလေးကျနေရော၊၊
အယ််မင်းကတော့ဘာနေနေသူ့ချစ်သူ
လေးအတွက် ပြုံးပြုံးလေးမဟုတ်တဲ့ပြုံးပြုံး
ကြီးဖြင့်သာ..ဘေဘီ့ဘေးနားမှာတွဲ
ရပ်လိုက်သည်၊၊

"ခူးလေးနဲ့စိုင်းစစ်ဘဲကျန်တော့တာ"

"ဟောဟိုမှာလာပြီ...ဘေဘီ"

"ဟ...ဝန်မခံချင်ပေမဲ့...တကယ့်ကိုလိုက်
ဖက်တာနော်ခူးလေးတို့ကလေ...ကြည့်ဦး မင်းသားမင်းသမီးရှုံးတယ်...လှပြီးခန့်နေတာ...ဖူး...ရာရာတို့အတွဲနဲ့သူတို့ဘယ်သူ
ပိုပြီးမိုက်လဲ scoreပေး"

ရာရာ့စကားကြောင့်အဖူးတစ်ယောက်အကြပ်ရိုက်သွားသည်၊၊ဘယ်လိုပြောရဲမလဲရာရာရယ်၊၊

"အမ်...နှစ်တွဲလုံးမိုက်..."

"ဖူး...တစ်ခု..တည်းပြော"

"ရာရာ..အော်..ဟိုမှာဆိုင်ရှင်
အန်တီနား ဘေရှင်းဦးမယ်"

"ဖူး...ဖူး...လျှောက်ပြောနေတာခဏကတည်းကဘေရှင်းထားတာကိုများ"

Tape Love Painting (OC)Where stories live. Discover now