အပိုင်း(၄၁)🦋

3.4K 126 0
                                    

🦋🦋🦋

"ချစ်....မောင်မင်းကိုချစ်တယ်...
မောင်တို့တကယ်ကိုဝေးရပြန်ပြီလား"

"ဟင့်အင်း...မောင်မပြောနဲ့"

   စိုင်းစစ်သူမရဲ့ခေါင်းကိုဆွဲထိပြီးနဖူးချင်းကပ်ထားမိသည်၊၊နှစ်ယောက်လုံးမျက်ရည်များစွာ၊၊ချစ်မိရုံပါ....သူတို့နှစ်ဦးဟာအချစ်စစ်လို့များ...ဒီလိုခက်ခဲလေသလား....

"ဒေဝီ ပြန်လာခဲ့ဒီကို.....မိအိုဘာလုပ်တာလဲ"

"ပိုင်လေးရွေး...မိအိုတို့နှစ်ယောက်အရင်လိုသာမန်ဘဝလေးနဲ့နေကြမလား...ရပ်တန့်လိုက်ပါ..."

"မိအို....ဘာလို့လဲ....မိအိုသိတယ်...ပိုင်လေး
ဒီအရာကိုဘယ်လောက်ကြိုးစားခဲ့ရလဲ..."

"သိတယ်....ပိုင်လေးကကြည့်ရတာ....လက်လျော့မယ်ပုံမပေါ်
ဘူးဒါဆိုလည်း  ပိုင်လေးသံသရာဆက်ဒဏ်ခံရမှာမလိုချင်ဘူး....ဇွက်"

"မိအို..."

ဘေးဖိတို့လည်းအံ့သြနေမိသည်.....ဒီဆံပင်ဖြူတွေနဲ့အဘွားအိုဟာ  စိုင်းအောင်ပိုင်ရှိန်နဲ့တော်တော်နွေးထွေးဆက်ဆံရေးရှိနေသလိုပင်....သို့သော်ဘာကြောင့်များ....

"ပိုင်လေးတစ်ယောက်ထဲမဟုတ်ဘူး...
မိအို  ပါ အဖော်ပြုပေးမယ်....ဇွက်.."

"မိအို......"

နှစ်ယောက်စလုံးလဲကျသွားပေမဲ့...ဓားဟာသံသရာမဲ့ဓားဖြစ်တာကြောင့်နောက်သံသရာမှာသူတို့တွေဟာထပ်တွေ့စရာမရှိတော့ပါ.....ခွင့်လွှတ်မှုကိုရခဲ့ရင်တော့ရမှာပေါ့....

"ဒေဝီဆူထာ....."

မလိကိုလှမ်းခေါတဲ့အဘွားအို
ကိုကြည့်လိုက်တော့...

"တောင်းပန်ပါတယ်....ရှေးဘဝကအကြွေးတွေကိုသေချာမတောင်းပန်ခဲ့ရဘူး...ဒီဘဝမှာခွင့်လွှတ်ပေးနိုင်မလား...ပြီးတော့စျန်....ခွင့်လွှတ်ပေးနိုင်မလား....မွေးဖွားရာစက်ဝန်းတွေဟာ ကျိန်စာကြောင့်မတူခဲ့ပေမဲ့ဒီဘဝမှာပြင်ဆင်ဖို့အခွင့်အရေးရခဲ့တယ်....."

"အဘွားအိုက....."

"ဟုတ်ပါတယ်....ဆူဖော်ပါ....အခုတော့လွတ်မြောက်ရတော့မယ်....ခွင့်လွှတ်ပေးနိုင်မလား..."

Tape Love Painting (OC)Where stories live. Discover now