အပိုင်း(၂)🦋

9.6K 168 1
                                    

🦋🦋🦋
"ကဲကဲ သားတို့သမီးတို့ ၉ တန်းဆိုတာ
၁၀ တန်းရဲ့အခြေခံဘဲ နော် သေချာစာကိုကြိုးစားကြမယ်ဟုတ်ပြီလား .....
နောက်အပတ်ဆို လပတ်စာမေးပွဲဖြေတော့မှာနော် သိကြတယ်မလား"

အတန်းထဲမှ ညည်းညူသံများ ပေါင်းစုံ
ထွက်လာလေသည်၊၊

"ကဲဒါဆို မုန်စားဆင်းလို့ရပြီ
အားလုံး မင်္ဂလာပါ"

"မင်္ဂလာပါ ဆရာမ
ကျေးဇူးတင်ပါတယ် ဆရာမ"

*********

မလိတို့ သုံးယောက် မုန့်ဆိုင်ဘက်သို့
ထွက်လာခဲ့ကြသည်၊၊

"အဖူး ခူးခူး ငါတို့ ကျောင်းသားဘဝက
ဘာလို့ စာမေးပွဲနဲ့ဘဲ စတင်နေရတာလဲ ဟင်
ဇာက်ကားတွေထဲဆို ပျော်ပျော်ပါးပါးနဲ့ ကောင်လေးချောချောရပြီး အေးဆေးလေးပါ ငါတို့ကျမှ ဘာလို့ အမြဲ မပျော်ရသေးဘူး စာမေးပွဲက အရင်လာတာလဲ"

ရာရာ့ စကားကြောင့် မလိ ကော အဖူးပါ
တဟားဟားရယ်ချမိပါသည် ၊၊
အဖူးက ပြောလိုက်သေးသည်..

"ရာရာ ရယ် နင်နေတာ မြန်မာဟဲ့ ပြီးတော့
ဟိုက ဇာက်ကားတွေထဲဘဲရှိတာ သူတို့မှာတကယ်ရှိတောင်ငါတို့မှာမရှိဘူး
ရည်စားလည်း မထားရပါဘူး နင်ထားရင်
နင့်အမေ ဒေါ်တင်တင်စိန် ကိုတိုင်မှာငါက ..."

"အမယ် အဖူးမ စကားအဖြစ်ပြောတာပါဟဲ့ ငါက ရေနဲ့စာ ဘဲ ဒီ ၂ နှစ်ကို....ပြီးတော့
ငါ့အမေ ဒေါ်တင်စိန်ကလေ တက္ကသိုလ်
ကျ ကျွမ်းပြန်အောင်ထားတဲ့ရည်စားကို နော်"

"အေးပါ ကင်းမြီးကောက်ထောင်ပြီး
ပါထား နင့်ကိုကြိုက်မဲ့သူရှိရင်ပေါ့"

"ဟာနင် အရူးမ ငါ့ကို ကြည့်ရမ်း
ပြောတာများ နင်မပြေးနဲ့ အဖူးမ"

မလိ ခေါင်းရမ်း မိလိုက်သည် တကယ်ပါ
ဒီနှစ်ယောက်နဲ့လည်း မလိတို့သုံးယောက်ပေါင်းလာသည်မှာ ကလေးဘဝကတည်း
ကပင်ဖြစ်ကာ အခုဆို ၉ တန်း‌တောင်ရောက်ပြီ........

ပြောမနာဆိုမနာ
အတူတူနေ တူတူစားကြသည်၊၊
သူငယ်ချင်းဆိုတာဒုတိယမိသားစုဆိုတဲ့စကားအတိုင်းမလိ တို့သုံးယောက်
တစ်ယောက်ကိုတစ်ယောက် သံယောဇဥ်
ကြီးကြသည်၊၊

Tape Love Painting (OC)Where stories live. Discover now