🦋🦋🦋🦋🦋
"စိုင်းစစ် မနေ့က နောင့် ငါ့ကိုရင်ဖွင့်တယ်ကွာ မင်းကသူ့ကို နာကျင်စေတယ်တဲ့.......အစကတည်းကမင်းရွေးချယ်မှုမှားခဲ့တာဘဲကွာ..."
"ဟန်ပြည့်.....ငါ မလိကိုချစ်တယ် .....ကြာလာလေပိုသိလေဘဲ......နောင့်ကို ငါကသနားချစ်ချစ်တာ ငါ့ကြောင့်သူ မြတ်နိုးတဲ့ bellet dance ကိုဆက်မကရဘူး.......မင်းတားတာငါနားထောင်ခဲ့သင့်တယ်...."
"ဖြစ်ပြီးမှတော့မတတ်နိုင်ဘူး ..... ကြာရင် ပြဿနာကြီးလာမယ်စိုင်းစစ် မင်း နောင့်နဲ့ ကိစ္စတွေအကုန်ဖြေရှင်းလိုက်တော့ကွာ....."
"ဟန်ပြည့် မင်းကတော့ ငါ့ဘက်ကရပ်တည်ပေးမယ်မလား..."
"မင်းသေရင်တောင်လိုက်သေပေးမယ်ကွာ...."
***********
"ကိုကို နောင့် တို့မုန့်သွားစားကြမယ်လေ."
"နောင့် ကိုကို ပြောစရာရှိတယ်..."
"နောက်မှပြော ကိုကိုရာ ဗိုက်ဆာနေပြီလာ"
"မရဘူးနောင့် ငါအခုပြောမှရမယ် ငါတို့ ဒီမှာတင်ရပ်ကြရအောင်......."
"ကိုကို ဘာကိုလဲ.....ဘာကိုရပ်မှာလဲ..."
"ငါအားနာတယ်နောင့် နင်ခံစားရတာတွေအတွက် ငါတို့အပေးအယူလုပ်ခဲ့တာကိုငါဘက်ကအရင်ဖျက်ရတဲ့အတွက်တောင်းပန်တယ်......
နောင့်ပြောခဲ့သလို အနေနီးရင်ချစ်မယ်လို့ထင်ခဲ့တာ ကိုနောင့်ကိုချစ်တယ် ဒါပေမဲ့ ညီမလေးလို သူငယ်ချင်းလိုဘဲချစ်လို့ရတယ် နောင့်"
"ကိုကို မရဘူးနော် နောင့် ကိုကို ကြောင့်သာအသက်ရှင်ချင်ခဲ့တာ ကိုကို နောင့်ကိုထားသွားလို့မရဘူး
ကိုကိုကြည့် ဒီခြေထောက်ကိုကြည့် နောင့် ဘဝရဲ့အမဲစက်ကြီး ကိုကို လမ်းမခွဲရဘူး ဒါတွေကကိုကိုကြောင့်ဖြစ်တာနော်"
"နောင့်ဘက်က မကျေနပ်ဘူးဆို ကိုယ့်ခြေချောင်းတွေကိုပြန်ဖျက်နိုင်ပါတယ်.....ကို့ကို ကိုစိုင်းလို့ဘဲပြန်ခေါပါနောင့်..... အခု ကိုတို့ငယ်သေးတယ်.....
စာကိုဘဲကြိုးစားကြရအောင် ...."".............."
နောင့်က .........ကိုကို အော် ကိုစိုင်း ......လို့ခေါရမယ်ပေါ့ ......
နောင့် ဘဝမှာ လိုချင်တာရခဲ့သည် .....ကိုကို့ ကလည်းနောင့်အပိုင် နောင့်မှမရရင်ဘယ်သူမှမရစေရဘူး.......
YOU ARE READING
Tape Love Painting (OC)
Romanceဒီဘဝ အတွက်ကော နောင်ဘဝ အတွက်ကော ဆုပန်ပါရစေ အချစ် ဝဠ်တွေ ကြေပါစေ သား၊၊ Start date - 30.6.2024🌊 End date - 4.10.2024🌊 Book cover - Pinterest 🖋️ ယခုဇာက်လမ်းပါအဖြစ်အပျက်/အကြောင်းအရာများသည်စာရေးသူ၏စိတ်ကူး ရေးသားမှုသာဖြစ်သည်၊၊