🦋🦋🦋
သာမန်မနက်ခင်းတွေထက်ယနေ့မနက်ခင်းသည်ပိုပြီးပင်လှပသာယာနေသယောင်၊၊တွေးလိုက်သမျှ...သတိမထားမိခဲ့သည့်ကိုယ့်အသက်ရှူသံ၊အမြင်အာရုံ၊နှလုံးခုန်သံတွေကပင်ပိုပြီးအသက်ဝင်နေသယောင်၊၊ဒါဟာအချစ်ရဲ့စွမ်းအားဆိုတာနေမှာ၊၊
ဖြစ်ပျက်သမျှကိစ္စတိုင်းဟာအကြောင်းရင်းခံရှိသည်တဲ့၊၊သို့သော်ကိုယ့်ရဲ့ဖြစ်ပျက်မှုကြီးသည်သူမကြောင့်သာနားလည်နိုင်စွမ်းအ
ပြည့်ရခဲ့သည်၊၊မွေးဖွားမှုအတွက်တာဝန်ခံတစ်ခုထားခဲ့ပြီးဘဝရဲ့အနှစ်သာရကိုကြိုးစားရင်းနှီးမြှပ်နှံခဲ့သမျှထဲမှာမလိခူးနိုင်ဆိုတဲ့သူမအတွက်....
သူရင်းနှီးခဲ့သည့်အရာများသည်
သူ့အတွက်တော့ထိုက်တန်သည်ထက်ပင်ပို၍ကောင်းသောရလာဒ်များရှိသည်ဆိုလျှင်သူ့ကို အချစ်ရူးဟုပင်သမုတ်ကြမလား??
ကိုယ့်အတွေးနဲ့ကိုပြုံးမိရင်းအောက်ကိုမျက်လုံးလေးစိုက်ကြည့်မိလိုက်တော့သူမရဲ့နုနုရွရွမျက်နှာလေး အထက်မှာညကခရီးအားလွန်သွားမိတာမလို့ပင်ပန်းနေမှန်းမြင်သာလှသည့်ပုံစံလေးဖြစ်တည်နေလေ၏၊၊
"ကျစ်....တော်တော်မိုက်တဲ့ကောင်ဘဲကွာ..."
ကိုယ့်ဘာကိုယ်ညည်းလိုက်မိပေမဲ့ညကအဖြစ်အပျက်များကိုပြင်မြင်ယောင်မိတော့အလိုအလျောက်ပြုံးနေမိလေရဲ့၊၊
"အင်း......."
ခန္ဓာကိုယ်ကိုတစ်ဖက်နည်းနည်းကြွလိုက်တာနှင့်အောင့်သက်လာသည့်ခံစားချက်....မျက်လုံးလေးဖွင့်သွားတာနှင့်
မလိ၏ဘေးဘက်မှာလက်ကိုခေါင်းနားထောက်ပြီးသွားတက်လေးပေါ်သည်အထိပြုံးပြနေသည့်မောင်....."မွ.....နိုးလာပြီလားမောင့်အချစ်"
မလိရဲ့နဖူးအထက်သို့ရောက်ရှိလာတဲ့အနမ်းတစ်ပွင့်...ညကအဖြစ်အပျက်တွေကိုပြန်မြင်ယောင်လာမိတော့ပျော်ရွှင်မှုနှင့်အတူရှက်ရွံမှုအနည်းငယ်လည်းထင်ကျန်နေလေရဲ့၊၊မောင့်အနမ်းလေးကဒီမနက်ခင်းမှာတော့ပိုနွေးထွေးနေသလိုခံစားနေရတယ်၊၊
YOU ARE READING
Tape Love Painting (OC)
Romanceဒီဘဝ အတွက်ကော နောင်ဘဝ အတွက်ကော ဆုပန်ပါရစေ အချစ် ဝဠ်တွေ ကြေပါစေ သား၊၊ Start date - 30.6.2024🌊 End date - 4.10.2024🌊 Book cover - Pinterest 🖋️ ယခုဇာက်လမ်းပါအဖြစ်အပျက်/အကြောင်းအရာများသည်စာရေးသူ၏စိတ်ကူး ရေးသားမှုသာဖြစ်သည်၊၊