Warning
🦋🦋🦋
ROOM AS1006 ဆိုတဲ့ နေရာရောက်တာနဲ့ ဘေဘီ့ကိုခဏလေးပွေ့ထားရာကချကာမတ်လိုက်ပြီး
အခန်းဖွင့်သည့်ကဒ်လေးဖြင့်scanဖတ်လိုက်သည်...VVIP Roomမလို့ ကွန်ဒိုတစ်ခန်းစာလောက်ကျယ်ပြီးပရိဘောဂစုံစုံလင်လင်၊အခန်းထဲမှာကိုရေချိုးခန်းသပ်သပ်..အိမ်သာသပ်သပ်အပြင်မီးဖိုခန်းပါထည့်ပေးထားသည်...မူးနေသော်လည်း...ပုံမှန်လိုပင်ချစ်စရာကောင်း
သည့်ဘေဘီလေးကို ဆိုဖာလေး ပေါ်အသာချပြီး ဘေဘီခြေဖမိုးလေးမှာနေရာယူနေတဲ့ High heel အမည်းရောင်ဖန်စီလေးကိုတစ်ဖက်စီသေချာချွတ်ပေးလိုက်သည်...မဟူရာမျက်လုံးလေးတွေက သူ့ကိုရစ်မူးစေသည့်အကြည့်များဖြင့်စိုက်ကြည့်နေသည်မလို့...အယ်မင်းစိတ်တွေလှုပ်ရှားပြီးတစ်ခုခုကိုသတိထားမိတာကြောင့်ဘေဘီကို... အိပ်ယာ ပေါ်ရွှေ့ပြောင်းပြီး...အိပ်ဖို့အတွက်သာပြင်ပေးလိုက်သည်...ကိုကတော့ အပြင်ကဆိုဖာမှာသာအိပ်မည်...ဘေဘီ..ကစမတ်ကျပြီး Virgin serious ဖြစ်သည်ဟု အဖူးဆီကကြားဖူးတာကြောင့် ချစ်သူသက်တမ်း၃နှစ်ကျော်၄နှစ်နီးပါးအတွင်းမှာဒီကိစ္စကိုတော့ရှောင်သည်...တစ်ခါတစ်လေဘေဘီက..တောင်းဆိုသလိုရှိပေမဲ့..ကိုအတွက်စဥ်စားပေးတာမျိုးငဲ့ညာပေးတာမျိုးသာဖြစ်နေမှာစိုးတာကြောင့်ဘေဘီကိုမထိခဲ့ပါ...ဒီလောက်ညို့အားကောင်းတဲ့မိန်းမလှလေးကိုပိုင်ထားရက်နဲ့မထိဘူးပြောရင်..ကို့ကိုလှောင်ကြမှာအသေချာပင်...
ကိုသည်ဘေဘီ့အတွက် ပေးဆပ်မှုများဖြင့်သာချစ်ပေးခြင်သည်..သူမအတွက်အနှောက်အယှက်ဖြစ်တာမျိုးမလိုချင်ပါ...ဒါကြောင့်ကို့ချစ်သူလေးဖြစ်လာတာကိုပင် အယ်မင်း ကျေးဇူးတင်မိသည်...
ဘေဘီနိုးလာလျှင်ခေါင်းကိုက်မှာစိုးလို့ ပျားရည်နဲ့သကြားနဲ့ဖျော်ပြီးကုတင်ကျယ်ကြီးဘေးက မီးအိမ်တင်ထားတဲ့ခုံ ပေါ်မှာတင်ပေးထားလိုက်သည်...
ကြည့်လေလှလေရစ်မူးလေမလို့...အယ်မင်းခဏအတွင်းကုတင်ဘေးစွန်းလေးမှာထိုင်ရာကထလိုက်ချိန်...သူ့ရဲ့ခါးကိုလာရစ်သွယ်တဲ့... လက်သည်းနီအနက်ရောင်လေးဆိုးထားပြီးရှည်လျားသွယ်လျတဲ့လက်ကလေး...နိုးလာတယ်ထင်လို့လှည့်ကြည့်ချိန်သူကိုအိပ်ယာ ပေါ်ဆွဲချပြီး..ကိုယ်ကိုခွထားတဲ့
ဘေဘီကြောင့်..မျက်နှာတစ်ခုလုံးသာမက နားရွက်များပါနီရဲတွက်လာသည်...မျက်မှန်လေးခြားထားတဲ့မြင်ကွင်းကတောင်သူကိုရူးသွပ်စေနိုင်သည်
YOU ARE READING
Tape Love Painting (OC)
Romanceဒီဘဝ အတွက်ကော နောင်ဘဝ အတွက်ကော ဆုပန်ပါရစေ အချစ် ဝဠ်တွေ ကြေပါစေ သား၊၊ Start date - 30.6.2024🌊 End date - 4.10.2024🌊 Book cover - Pinterest 🖋️ ယခုဇာက်လမ်းပါအဖြစ်အပျက်/အကြောင်းအရာများသည်စာရေးသူ၏စိတ်ကူး ရေးသားမှုသာဖြစ်သည်၊၊