Adult Texts are include in this part
Please read if you are 18 years old🖤🦋🦋🦋🦋
"တီးတောင်...."
"သားစိုင်းစစ် လာအထဲဝင်ထိုင်ပါဦး သားသူငယ်ချင်းကဘာတွေပြင်နေလဲမသိဘူး
အစောကြီးထပြီးအခုထိမပြီးသေးဘူး....""ရပါတယ်ဗျ ကျွန်တော်တို့အချိန်ရှိပါသေးတယ်..."
"မေခ သမီးကြီး ညီမလေးကိုသွားပြောလိုက်...သားစိုင်းစစ်ရောက်နေပြီ...မြန်မြန်လုပ်လို့....."
သမီးကြီးက အပေါ်ထပ်တက်နေတာမြင်လို့ လှမ်းအော်ပြောလိုက်သည်.....ကိုနိုင်လည်း စိုင်းစစ်ရောက်လာတယ်ကြားတာနဲ့ ဧည့်ခန်းမှာဝင်ထိုင်နေတာကြောင့်....
"သား ဦးလေးနဲ့စကားပြောလိုက်နော်....
အန်တီ အအေးလေးသွားယူပေးမယ်...""ရပါတယ်ဗျ မယူပါနဲ့ ကျွန်တော်
မသောက်တော့ဘူးဗျ ..."စိုင်းစစ် ...ချစ်ရဲ့အမေနဲ့တော့ ဖော်ဖော်ရွေရွေစကားပြောဖြစ်ပေမဲ့....ချစ်ရဲ့အဖေကတော့ ကျွန်တော့်ကိုအမြင်ကြည်ပုံမရပါ.....
အေးလေ...ယောကျ်ားချင်းခြေမြင်တယ်
ထင်ပါရဲ့.....ငွေဆောင်သွားမယ့်ကိစ္စတောင် ချစ်အဖေကခွင့်မပြုဘူးတဲ့....အနာဂတ်ယောက်ခမ ကကောင်းလို့သာပေါ့...
ချစ်ရဲ့ မေမေကတစ်ခွန်းပြောလိုက်တာနဲ့ဖေဖေကအတွန့်မတက်ရဲဘူးတဲ့....အော်
ယောက္ခထီးကြီးက မယက ဘဲကို....."သားက အင်ဂျင်နီယာ ဆိုတော့
အစိုးရလား အပြင်လားသား..""ကျွန်တော်က အပြင်လုပ်တာဗျ
ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု
ထောင်ထားတယ်ဗျ...""အင်းအန်တီ တို့ကလည်း အိမ်လည်းနီး...သမီးသူငယ်ချင်းဆိုတာလည်း
သိပေမဲ့....အန်တီတို့လင်မယားကအလုပ်များနေတော့ သမီးငယ်ရဲ့သူငယ်ချင်းဆို ရာရာလေးနဲ့အဖူးဘဲရှိတယ်ထင်တာ...လမ်းခရီးကိုဂရုစိုက်ပြီးမောင်းကြနော်..ဟိုရောက်ရင်လည်း မောင်နှမသားချင်းတွေလိုအချင်းချင်းစောင့်ရှောက်ကြနော်သား..."စိုင်းစစ် မောင်နှမသားချင်းဆိုတဲ့စကားမှာ
အီလည်သွားပေမဲ့ ..... အခုချိန်မှာ ကျွန်တော်က အမေ့သမီးရဲ့လင်တော်လောင်းလျာလို့ပြောလည်းမရ..... အရေးကြီးတာက သွားရဖို့ဆိုတော့...ဟုတ်ကဲ့ဗျ ဆိုပြီးဘဲပြန်ပြောလိုက်တယ်...
YOU ARE READING
Tape Love Painting (OC)
عاطفيةဒီဘဝ အတွက်ကော နောင်ဘဝ အတွက်ကော ဆုပန်ပါရစေ အချစ် ဝဠ်တွေ ကြေပါစေ သား၊၊ Start date - 30.6.2024🌊 End date - 4.10.2024🌊 Book cover - Pinterest 🖋️ ယခုဇာက်လမ်းပါအဖြစ်အပျက်/အကြောင်းအရာများသည်စာရေးသူ၏စိတ်ကူး ရေးသားမှုသာဖြစ်သည်၊၊