🦋🦋🦋
"စိုင်း....."
၃နှစ်...မလိတို့ကွဲကွာခဲ့သည်မှာ၃နှစ်တောင်ကြာလင့်ခဲ့ပြီ...အမြဲတမ်းတမိ၊တွေ့ချင်မိခဲ့ပေမဲ့ ... ဒီလိုဂရက်ကျကျတွေ့ဆုံမှုကိုတော့အပ်ချည်တစ်မျှင်စာတောင်မတွေးခဲ့ဖူးပေ.... မောင်ကတော့ အရင်လိုချောမောဆဲပါ...မလိကိုကပ်ချွဲတတ်သည့်ကောင်းဆိုးလေးမဟုတ်တော့ဘဲGentelmanတစ်ယောက်အဖြစ်သို့အသွင်အပြင်ရှိလာခဲ့ပြီ၊၊
Suitအပြည့်ဖြင့်ယခုပုံစံမှာမလိသိခဲ့ဖူးသော
မောင်နှင့်ခြားနားမှုတွေရှိနေသည်ကို
သက်သေပြစရာပင်မလို...
မောင့်နှလုံးသားကကော
ပြောင်းလဲသွားခဲ့ပြီလား...ဟင့်အင်းဆက်မတွေးသင့်ဘူး မလိခူးနိုင်
မောင်ကနင့်ကိုမေ့နေပြီးသား...
ဘယ်လောက်ဘဲမာရေကျောရေ
နေခဲ့ပေမဲ့အမှုမဲ့အမှတ်မဲ့လေး
ကတောင်မလိကိုပျော့ညံ့စေသည်....ဝေ့တက်လာတဲ့မျက်ရည်စများ
ကိုဘယ်သူမှမမြင်အောင်
ကွယ်ဝှက်ရန်ကြိုးပမ်းရဦးမည်၊၊မောင့်အမေနှင့်ပြောခဲ့သည့်
စကားများအတိုင်းမလိကို
တွေ့လျှင်မောင်ကနာကျင်ရဦးမည်ဆို...
မလိကိုချစ်တဲ့အချစ်တွေကို
သတိရတာနဲ့မောင့်ရောဂါဟာ
ပြန်လည်ဖောက်လာဦးမည်ဆို...အခုတော့ သေချာတဲ့အဖြေတစ်ခုလားမောင်.... မောင်က မလိနဲ့အချေအတင်ဖြစ်တဲ့မိန်းမလှလေးကိုသေချာထိန်းကိုင်ပြီး
အကျိုးအကြောင်းမေးနေတာများ...
တကယ့်ချစ်သူတွေလိုပင်...မမြင်ပါရစေနဲ့မောင်..
မလိ ဘယ်ကိုမှလည်းနေရာမရွေ့နိုင်...
မောင်ရှိနေသည့်ရပ်ဝန်းမို့ထင်ပါရဲ့...
နာကျင်နေတာတောင်ပေတေနေဆဲ...
မလိနှင့်မောင်တို့ကြားကအကွာအဝေး
သည်စားပွဲတစ်ဝိုင်းစာမျှသာ...
အတွေးလွန်နေတုံး
မလိနားသို့ရောက်လာတဲ့အရိပ်တစ်ခု.."မင်း...ကျွန်တော့်ဇနီးလောင်းကို
ဘာလို့လက်ပါရတာလဲ"မလိကိုသေချာစိုက်ကြည့်ပြီး
မေးလာတဲ့မောင့်မျက်ဝန်းများသည်...
အရင်လိုတပ်မက်စရာကောင်းနေဆဲပင်...
သို့သော်သူစိမ်းဆန်သော
အကြည့်တွေမှန်းတော့သိသာနေ၏၊၊
YOU ARE READING
Tape Love Painting (OC)
Romanceဒီဘဝ အတွက်ကော နောင်ဘဝ အတွက်ကော ဆုပန်ပါရစေ အချစ် ဝဠ်တွေ ကြေပါစေ သား၊၊ Start date - 30.6.2024🌊 End date - 4.10.2024🌊 Book cover - Pinterest 🖋️ ယခုဇာက်လမ်းပါအဖြစ်အပျက်/အကြောင်းအရာများသည်စာရေးသူ၏စိတ်ကူး ရေးသားမှုသာဖြစ်သည်၊၊