အပိုင်း(၁၈)🦋

6.7K 162 12
                                    

🦋🦋🦋

"ချစ် ကြောက်တယ်ဆိုတာထက် ဖြစ်သင့်တာကိုပြောတာမောင်...ချစ်သိပါတယ်...မောင့်မှာ အလုပ်အကိုင်..ငွေကြေး...အချစ် အကုန်လုံးကိုပြည့်စုံအောင်ပေးနိုင်တာ..ဒါပေမဲ့...ချစ်တို့ငယ်သေးတယ်...အတွေ့အကြုံတွေ လူငယ်ဘဝကြုံရမယ့်ပြဿနာတွေကိုလေ့လာဖြေရှင်းတတ်ဖို့သင်ယူရမယ်..."

"မောင် ကိုကြောက်တာလား...ချစ်...မောင်ကချစ်တဲ့စိတ်ကြောင့်အချစ် အပေါ်ဆိုးမိတာတွေကြောင့်ဆို...ချစ်မကြိုက်ရင်မောင်
ဆင်ခြင်ပါ့မယ်.."

"မဟုတ်ပါဘူး...မောင်ရယ်..ချစ်တို့က ချစ်သူတွေဘဲလေ...ဒီကိစ္စတွေအထိ...ချစ်ကဘာလို့ စိတ်ထဲထားနေမှာလဲ...."

"တော်ပြီ....ချစ်မကြိုက်ရင်မပြောတော့ဘူး...ချစ်ကတကယ့်အရှည်ကြီးတွေးနေတာဘဲဟာ....မောင့်ကိုမချစ်လို့ဘဲနေမှာ.."

"ဘာလို့မချစ်ရမှာလဲ...မောင်နော်...
သူများကအရင်ချစ်ခဲ့ရတဲ့သူ...ဟွန့်.."

"ဟုတ်ပါပြီ....ညလည်းနက်နေပြီ...အိပ်တော့အချစ်လေး...မနက်ကျ မောင်လိုက်ပို့မယ်...Good night...အာဘွား
မောင့်အချစ်....."

"Good nightပါမောင်..."

"အချစ် မောင့်ကိုလည်း
အာဘွားလို့ပြောဦးလေ.."

"မောင်ကလည်း ဖုန်းချမယ့်အရေးကို....
   တော်ပြီ..."

"မရဘူး ချစ်မပြောရင် မောင်ဖုန်းမချဘူး..."

မောင်ကလေ ပြောရင်လည်းမကြိုက်ဘူး...အသေးစိတ်ကအစ..ကလေးလိုပင်...

"အာဘွား....ကျေနပ်ပြီလား..."

" ကျစ်.....ချစ်ကကွာ...မသိရင် ကျေနပ်အောင်အတင်းပြောခိုင်းခံရတဲ့ပုံနဲ့
ပြောနေတာကွာ..."

ဟောတွေ့လား....ပြောရင်လည်း ထပ်ရှာကြံကောက်ဦးမယ်...ချစ်သူဖြစ်ကတည်းက မိန်းကလေးဖြစ်တဲ့မလိက မကောက်ရဘူး...အားအားရှိသူဘဲကောက်နေတာ....

"အာဘွား....ရှင့် ချစ်ရတဲ့မောင့်ကို
အာဘွားအကြီးကြီးပေးတယ်ရှင့်..."

"ဟက်....ဘယ်လောက်ကြီးလဲပြော..."

"ဟာ...မောင့် တော်ပြီ....အိပ်ချင်အိပ်
မအိပ်ချင်နေ...ချစ်တော့အိပ်ပြီ......"

Tape Love Painting (OC)Where stories live. Discover now