အပိုင်း(၂၁)🦋

6.2K 112 2
                                    

🦋🦋🦋

လားရှိုးမြို့၏မနက်ခင်းသည်ရှမ်းမြောက်ဆိုသည့်နှယ်...ပိုမိုအေးစိမ့်ချမ်းမြနေလေရဲ့...မောရှမ်းတို့နေရာရှမ်းပြည်ကြီးမှာမြောက်စွန်းပိုင်းသည်တောတောင်ရေမြေပိုအရိပ်ကျသည်မို့ တောင်ကြီးမှာထက်ပင်ပိုအေးနေသလို....ချစ်သူမရှိရာမွေးရပ်မြေမို့ပိုချမ်းနေသလားမသိပါ....

စိုင်းစစ်...ဟော်နန်းကိုပြန်ရောက်ကတည်းကပင်...ရုန့်ပံ့တွေအရေးဖြေရှင်းနေတာနဲ့အလုပ်တွေရှုပ်နေတာကြောင့် အချစ် ကိုအချိန်မပေးနိုင်...လျစ်လျူရှုထားသလိုဖြစ်နေသော်လည်း...ရန်သူဖြစ်စေ၊လက်အောက်ငယ်သားဖြစ်စေ
ကိုယ့်ရဲ့အချစ်လေးကိုဖော်ထုတ်လို့မရသေးပါ၊၊အချစ်ကိုသေလောက်အောင်လွမ်းနေလည်းသည်းခံရပေဦးမယ်
ရုန့်ပံ့အရေးအကုန်အပြတ်ရှင်းဖို့
အချိန်ကျပြီ....

"နောင့်စိုင်း......ညနေအတွက်ဝတ်ဖို့
မယ်တော်ပေးခိုင်းလိုက်တာ.."

"ပီစိုင်း.....တခြားသူတွေရှိရဲ့နဲ့
ဘာလိုကိုယ်တိုင်လာပေးရတာလဲ...
ပေး နောင့်စိုင်းတင်လိုက်မယ်.."

"ဒါက အဘေးတော် စဿစျင်းမန်ရှင်ရဲ့ ဝတ်ရုံတော်လေ...
ဒါကြောင့်ပီစိုင်းကိုယ်တိုင်လာပို့တာ.."

စိုင်းစစ် ...ငယ်စဥ်ကတည်းက အဘေးတော်ဝင်စားသည်ဟု သမုတ်ကြတာကြောင့်..အလိုလိုက်အချစ်ခံရသည်၊၊မလိုသူတွေတော့ရှိမှာပေါ့...အဘေးတော်သည် စော်ဘွားမျိုးရိုးထဲမှာ အကြီးမြတ်ဆုံးဖြစ်ပြီး ရှမ်းတို့အတွက် ချစ်ကြောက်ရိုသေရသည့်
ခေါင်းဆောင်ကောင်းတစ်ယောက်ပင်...

အဘေးတော်လက်ထက်က လာရှိုးတစ်နယ်လုံး စားနပ်ရိက္ခာကြွယ်ဝခြင်း၊မရှိနွမ်းပါးသူဟူ၍မရှိ၊အဘက်ဘက်ကပြည့်စုံခြင်းများဖြင့်ကြွယ်ဝပေါများခဲ့လေသည်၊၊သာသနာရေးရာမှာလည်း ကုသိုလ်ထူးအလှူအတန်းရက်ရောသူမလို့...ရှေးဟောင်းစေတီတော်များတွင်စဿနွယ်ဝင်တွေရဲ့အမည်များထွင်းထုထားသည်မှာ သာဓုခေါ်သူများအဖို့ကြည်နူးဖွယ်အတိပင်....

အဘေးတော် ဝတ်ဆင်ခဲ့သော ဝတ်ရုံလွှာရှမ်းတိုင်းရင်းသားတို့၏အစဥ်လာဝတ်စုံပေမဲ့စိန်ခြယ်ကျောက်မျက်အစီနဲ့...ချုပ်လုပ်ထားသည်၊၊ အရိုက်ရာဆက်ခံသူ ပီစိုင်းပင်ဝတ်မရပါ... စိုင်းစစ်ကသာ ပိုင်ရှင်အစစ်မှန်ဟုသတ်မှတ်ထားတာကြောင့်အခုလို လက်ဆင့်ကမ်းပေးခြင်းဖြစ်သည်...

Tape Love Painting (OC)Where stories live. Discover now