အပိုင်း(၈)🦋

6.6K 127 2
                                    

🦋🦋🦋🦋

တစ်လောကလုံးကို အပြစ်တင်ပြီးလူတွေကိုမယုံကြည်ခဲ့တဲ့သူဟာ ကောင်မလေး တစ်ယောက်ကိုယုံကြည်ခဲ့တယ်..........

သူ လုံးဝမထင်ထားခဲ့ပါ....... ယုံကြည်ရတဲ့ကောင်မလေး.....သူပထမဆုံးချစ်မိတဲ့ကောင်မလေးက......သူအတိတ်ကိုလှောင်
ရယ်လိမ့်မယ်လို့.......

ဘယ်သူတွေပြောနေပါစေ.....ရှင်းမပြဘဲနေလာတဲ့သူဟာ......သူမကိုတော့ ယုံကြည်မှုပေးခဲ့သည်......
ပြဿနာတွေ လူတွေပြောမှာ သူ
မကြောက်ပါ.....
သူချစ်ရတဲ့ကောင်မလေးရင်ထဲမှာကိုယ်ကဒီလိုလူစားအဖြစ်သတ်မှတ်ခံထားရပါလား....ဆိုတဲ့စိတ်က ရှက်ရသလို့.....လူကိုသေစေ‌ေလာက်အောင်နာကျင်ရသည်......

တတိယနှစ်ရောက်သည့်တိုင်........သူမကို မေ့မရပါ.....ချစ်သည် ကျွန်တော် သူမကိုနစ်နစ်ကာကာချစ်သည်......တစ်ဖက် က ယောကျ်ား တစ်ယောက်ရဲ့မာန်မာန......မုန်းလားပြောလျှင်မမုန်းပါ......အခုဆို စိုင်းစစ်ထူးရှိန် လို့ပြောတာနဲ့ playboyကြီး ဆိုတဲ့အသံကတစ်ဆက်တည်းပါလာပြီ ဟား........ ကျွန်တော် လည်း ရည်စားကို ၁ လ ၁ခါပြောင်းတာကို ပြီးရင် ကျွန်တော့်ဘက်ကဘဲဖြတ်ခဲ့တာ......
ဟန်ပြည့် ကတောင် ငါပွေတယ်ဆိုတာ အခုအချိန်
မင်းအိပ်နေသလောက်ဘဲထင်တယ် စိုင်းစစ်တဲ့......

ကျောင်းကQueenတွေနဲ့လည်းတွဲဖူးသည်......တောင်ကြီးဆေးက ကောင်မလေးတွေလည်းတွဲဖူးသည်.......18ပြည့်birthdayမှာဟန်ပြည့်ကောင်းမှု နဲ့ one night stand လည်းနေခဲ့ဖူးပြီး.....သူ့ကိုတစ်ချို့ကသာယာမှုပေးတယ်.....တချို့က စိတ်အပန်ဖြေ ပျော်ရွှင်စေတယ်....ဒါပေမဲ့ သူချစ်တာ မလိခူးနိုင် ဆိုတဲ့သူမ.......

"ကိုကို ဘာတွေတွေးနေလဲ ပန်ပန် ကိုကြည့်ပါဦး"

ကျွန်တော် အတွေးတွေလွန်နေတာဘဲ.....
ပန်ဆက်လမင်း သူမအရမ်းချစ်ဖို့ကောင်းသလို.....
Bodyလည်းအရမ်းမိုက်သည် ....ပန်ပန်နဲ့တွဲတာအခုဆို ၂ လထဲရောက်ပြီ ..... ကျွန်တော် ပန်ပန် နဲ့မြဲနေရတဲ့ အကြောင်းကတစ်ခုပင်....ပန်ပန်က မလိ လို ကျွန်တော်ချစ်ရတဲ့ မျက်လုံးအညိုဖျော့လေးရှိသည်....

"ဘာမှမတွေးဘူး မင်းအရမ်းလှလို့ "

ကျွန်တော် ပန်ပန် နှုတ်ခမ်းလေးကိုနမ်းခြိုက်လိုက်သည်...... အနမ်းတွေချိုသည်....ကျွန်တော်အရင် တွဲခဲ့တဲ့ ရည်စားတွေနဲ့စာရင် သူမက နည်းနည်း feeling ရောက်သည်......

Tape Love Painting (OC)Where stories live. Discover now