အပိုင်း(၁၉)🦋

6.5K 175 6
                                    

🦋🦋🦋

မလိ လပြည့်နေ့မလို့....resortကိုတစ်ရက်ပိတ်လိုက်၏၊၊ ဒီနေ့မှာဘဲ မောင်ကရန်ကုန်ကို
business tripသွားနေတာမို့....မောင်နဲ့တော့မဒိတ်ဖြစ်ပါ....မလိတို့မိန်းကလေး၃ယောက်ကဘုရားသွားရင်း.... ဆိုင်တစ်ဆိုင်မှာ ဖြိုးပိုင်နဲ့ချိန်းထားကြသည်၊၊

"ပြီးပြီးလား....ဖြိုးပိုင်ကရောက်နေပြီ
တဲ့သွားရအောင်..."

"အေးသွားမယ်...."

******

"ဖြိုးပိုင်.....ငါ့မောင်လေးလွမ်းနေတာ..."

အဖူးက တွေ့တာနဲ့ပြေးဖက်ပါလေရော.....မောင်နှမနှစ်ယောက်မတွေ့ဖြစ်တာလည်းတော်တော်ကြာပြီကို....

"အဖူး....နင်ငါ့ထက် ၃ရက်ဘဲကြီးတာ...ဇွတ်အမဖြစ်ချင်မနေနဲ့......"

"ဟဲ့ကြီးတာက ကြီးတာဘဲ....နင်အရမ်းသန့်ပြီးချောလာတာဘဲ.....ရည်စားတွေရနေပြီလား...."

"ရည်စားမရှိဘူး.....ချစ်နေတဲ့သူဘဲရှိတာ...."

ဖြိုးပိုင် ....ခူးလေးကိုတစ်ချက်ကြည့်ပြီး...ကျန်တဲ့စကားတွေကိုတော့ရင်ထဲဘဲသိမ်းထားလိုက်တော့သည်....

"ကဲပါ အဖူးရယ်....ထိုင်ရအောင်....ငါဗိုက်ဆာနေပြီ...ဖြိုးပိုင် နင်ငါတို့ကို ဒကာခံရမှာနော်..."

"အေးပါ...အမရာ ... နင်ကတော့...စွာသေးလန်တုံး....အဝစား...."

"အေး ငါမှာပြီ....."

"ဖြိုးပိုင်နင်...ဒီကို အပြီးပြန်လာတာလား..."

"မဟုတ်ဘူးခူး.....၅ရက်လောက်ဘဲ.....ငါကဆရာဝန်ဆိုတော့ ခွင့်ရက်ရှည်မရဘူး....အခုတောင်..နင်တို့ကိုသတိရလို့...အရောက်လာတာ..."

"အေးပါဟယ်....နင်သတိရတာ ငါနဲ့ အဖူးတော့ဖြစ်မယ်မထင်ဘူး....ခူးတစ်ယောက်ထဲနေမှာ..."

"အမရာ.....ငါကအကုန်သတိရပါတယ်ဟ.....ငါ့အချစ်ဦးလေးကိုတော့ပိုသတိရတာပေါ့....."

"အေးပါ ကိုယ်တော်ရယ်....ဒီစကားကိုငါတို့ရှေ့ဘဲပြော...ဟို အကောင်ဥစ္စာရူးစိုင်းစစ်ထူးရှိန်မကြားစေနဲ့.....အရိုးတခြားအသားတခြားဖြစ်သွားမယ်...."

အမရာက စနေပုံဖြင့်ပြောနေတာမဟုတ်တာကြောင့်ဖြိုးပိုင်ခေါင်းသာငြိတ်ပြလိုက်သည်.....

Tape Love Painting (OC)Where stories live. Discover now