Part<1>

5.6K 108 11
                                    

~မာနလွန်......မိုး ~

အပိုင်း{၁}

"မိုးပကတိ.... ငါမင်းကို အကူအညီတောင်းစရာရှိတယ်..."


"ငါနင်နဲ့ မပတ်သတ်ချင်ဘူး ကံကောင်းထည်ဝါတည် "

"ငါအခု တကယ်ကို အကူအညီလိုလို့ပါ.....မင်းက
စိတ်ထားကောင်းတာသိပါတယ်.....ခဏဘဲ "

သူမအတန်ကြာအောင် စဥ်းစားနေလေသည်။ သူ့ကိုယုံသည့်
ပုံစံမျိုးတော့ မဟုတ်ပါ......ဟုတ်သည် မဟုတ်သည်ဆိုတာကို အကဲခတ်နေသော မျက်ဝန်းမျိုးဖြင့်....

အကြော်ထိုင်စားသည့် အနီရောင်ကော်စားပွဲတွေကို ဆိုင်ခန်းထဲသို့ အရင်သွားထည့်လေသည်။ သူ့ကို ပြန်၍တော့
အဖြေမပေးသေးပါ.......

သူလည်း သူမ၏အကြော်ဆိုင်ရှေ့တွင် မတ်တပ်ရပ်ရင်းဖြင့်သာ စောင့်နေလိုက်ပြီး သူမလုပ်သမျှအပြုအမူတွေကို
လိုက်ကြည့်နေမိသည်။

စကားတွေအများကြီးမပြောတတ်သော သူ့မှာ သူမကိုကျမှ ခခယယခေါ်နေမိ၏။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီလိုလုပ်ဖို့အတွက်ကို သူဆုံးဖြတ်ထားပြီးပြီဘဲ မဟုတ်လား.......

သူမအကြော်ဆိုင်၏ ပစ္စည်းတွေအားလုံးအား အကူအစ်မနှင့်အတူ သိမ်းပြီးနောက် ပိုက်ဆံခြင်းလေးဆွဲကာ
သူ့ရှေ့သို့ပြန်လာလေသည်။

ထုံးစံအတိုင်း သူနှင့်တွေ့လျှင် အမြဲမာကျောနေတတ်သော
အကြည့်တွေ၊ မျက်နှာပေးတွေ...
.တင်းတင်းစေ့ပိတ်ထားလေသည့် နူတ်ခမ်းတွေဖြင့်....

"ဘာကိစ္စလည်း.... နင့်လိုကျောင်းသားတစ်ယောက်က
လမ်းဘေးက အကြော်သည်ကို အကူအညီတောင်းစရာက
ဘာများလဲ ..."

"မင်းက O သွေးမဟုတ်လား..."




"နင်ကဘယ်လိုသိတာလည်း..."


"မှတ်ပုံတင်လုပ်တုန်းက မင်းရဲ့သွေးကို မနာအောင်လို့
ငါကိုယ်တိုင်ဖောက်ပေးထားတာလေ."


"အော်...ဟုတ်သား မမှတ်မိဘူးဖြစ်သွားတယ်....သွေးကို
ဘာလို့မေးတာလဲ ..."


အဲ့ဒီလိုမျိုးဘဲ....အဲ့ဒီမိန်းကလေးဟာ သူ့အပေါ်ဆို
သိပ်ကိုမာနတွေထားကာ ရှောင်တိမ်းလွန်းပါသည်။ သူ့မှာအ
အပြစ်မြင်စရာ ဘာအချက်မှမရှိဘဲနှင့်တောင် သူ့ကို မြင်လျှင်
အမြဲနှာခေါင်းရှုံ့တတ်သော......
နာမည်လေးကလှသလောက် စိတ်က
အမြင်ကတ်စရာကောင်းသည့် ကလေးမဘဲ....

~မာနလွန်.....မိုး~Where stories live. Discover now