~မာနလွန်...မိုး~
အပိုင်း{၁၃}
"ဆေးရုံပိုင်ရှင်နဲ့ မင်းက သိတာလား...."
သူမက သူ့ရှေ့တည့်တည့်၌ရပ်၍ နူတ်ဆတ်သွားတော့ ကျန်သောလုပ်ဖော်ကိုင်ဖက်တွေက သူ့အားပိုပြီးစိတ်ဝင်စားသွားကြသည်။
ရင်းနှီးသည့်သူတွေကတော့ မေးကြမြန်းကြတာပေါ့....။သို့ပေမယ့် အခုအခြေအနေမှာ သူမက အမြင့်ကလူ..နောက်ပြီး သူမ၏သိက္ခာ...နာမည် အကုန်လုံးကသူ့အပေါ်သာ
မူတည်နေသည်။သူ့ဇနီးဟောင်းမှန်းသာ လူတွေသိသွားရင်.....သူတို့အတိတ်ကအကြောင်းတွေကိုသာ သိသွားခဲ့ကြလျှင် လူတွေ သူမအပေါ် တစ်မျိုးတစ်မည် ဖြစ်သွားမှာကို သူသိပ်ကြောက်ပါသည်။
ထို့ကြောင့်....
"ကျောင်းသားဘဝတုန်းက မျက်နှာတန်းမိရုံလောက် ခင်ဖူးတာပါ"
"ဟုတ်လို့လား....သူမင်းကို နူတ်ဆက်နေတဲ့ပုံကိုကြည့်ရတာ
မင်းတို့အတော်ရင်းနှီးတဲ့ပုံပါဘဲ....""ထင်လို့ပါကွာ.... ငါ့လိုအဆင့်အတန်းကို သူကရင်းနှီးစရာလား
ဒီအတိုင်း မိဘချင်းသိရုံဘဲ......""တော်တော်တော့ ချမ်းသာမယ့်ပုံဘဲနော်...ငါတို့အထင်နဲ့တော့
တခြားစီကွာ.....ချောလိုက်တာလည်းမှုန်နေတာဘဲ...""အင်း...."
"သူ့ဘေးက လူက သူ့ရည်းစားထင်တယ်...."
"အင်း...ဟုတ်လောက်မှာပါ......"
"မင်းကလည်း စကားပြောတာကို မပြောချင်ပြောချင်နဲ့..."
"ငါနည်းနည်း ခေါင်းကိုက်နေလို့ပါ....."
"ဟားဟားးးး......ဘာလဲ မိန်းမလှလေးက နူတ်ဆက်သွားတော့ ရင်တွေတုန်ပြီး ခေါင်းကိုက်သွားတာလား...."
"မဟုတ်ပါဘူး မင်းတို့ကလည်း"
"မလိမ်ပါနဲ့.... ငါတို့တောင် ကြိုက်သွားတဲ့ဟာ...မင်းလည်းကြိုက်တယ်မို့လား"
"မင်းတို့က တော်တော်ဆိုးတဲ့ကောင်တွေဘဲ....တိုးတိုးပြောစမ်းပါ မဟုတ်ရင် အကုန်အလုပ်ပြုတ်နေမယ်"
YOU ARE READING
~မာနလွန်.....မိုး~
Romanceသံယောဇဉ်ficလေးကို ဖတ်ဖူးတဲ့သူဆိုရင် သိပါတယ်နော်....ဒါလေးကအဆက်လေးလို့တောင် ပြောလို့ရပါတယ်ရှင့်...💓 ကိုကို့သားအာလူးနဲ့တိတိတို့ရဲ့ ဇာတ်လမ်းလေးပါ..... ဇာတ်အိမ်လေးကတော့ ficခေါင်းစဥ်အတိုင်းပါဘဲ... မာနတွေဘယ်လောက်အထိ လွန်ကြမလည်းဆိုတာ......💙