~မာနလွန်...မိုး~
အပိုင်း{၂၆}
ဒီနေ့ဘဲ သူတို့ အိမ်ခွဲလာခဲ့ကြသည်။သမီးလေးကတော့ သူ့မေမေရှိသည့်နေရာဆိုရင် ဘယ်နေရာဖြစ်ဖြစ် လိုက်တာဘဲ...
အခုငှားလိုက်သည့်အိမ်ကလုံးချင်းအိမ်ယာမဟုတ်ဘဲ တိုက်ခန်းတစ်ခုသာဖြစ်၏။ပရိဘောဂပစ္စည်းများလည်း
အပြည့်အစုံပါသလို အသင့်အတင့်လည်းကျယ်ဝန်းပါသည်။အိမ်သာ၊ ရေချိုးခန်း၊မီးဖိုခန်းတို့ကလည်း
သပ်သပ်ရပ်ရပ်ရှိသည်။ကုတင်ကလည်း သူတို့သားအဖတစ်တွေအိပ်ဖို့အတွက်
ကျယ်သည်။ အိမ်ငှားခပေးရသည့်တန်ဖိုးနှင့် နေရာကတော့
မဆိုးပါဘူး ......၆လစာချုပ်မချုပ်ကတည်းက တိတိသဘောကျသည်ဆိုမှ လက်မှတ်ထိုးခဲ့တာပင်။သူမသာ မကြိုက်ဘူးဆို တခြားနေရာသို့ထပ်ရှာမှာဖြစ်မည်။
အခုအိမ်ရှင်မလေးက သဘောကျတယ်ဆိုတော့ ဒီတိုက်ခန်းကိုဘဲ စာချုပ်လိုက်၏။
ပစ္စည်းတွေက သိပ်မပါပါ....အဝတ်အစားတွေလောက်သာ
ယူလာကြတာမို့ အိမ်သုံးပစ္စည်းနှင့်အိုးခွက်ပန်းကန်တွေ
ပါမလာပါ။အလုပ်ရှာရင်းနဲ့မှ တစ်ခါတည်းသွားဝယ်ရပေမည်။
"တိတိ....ကိုယ်အလုပ်ရှာရဦးမယ်....တစ်လက်စတည်း ပန်းကန်အိုးခွက်တွေရယ် တခြားလိုအပ်တာတွေရယ် ဝယ်ရဦးမယ်.....
လိုက်ခဲ့မလားး""မလိုက်တော့ဘူး... ကျွန်မအဝတ်အစားတွေကို သိမ်းရဦးမယ်..
ဒါနဲ့ သမီးကို ကျောင်းမထားဘူးလား.....သမီးက သူများတွေလိုခန္ဓာကိုယ်မဖွံဖြိုးပေမယ့် ညဏ်ရည်မြင့်တယ်လေ""အတန်းစာတွေကို သူ့တီတီမေသင်ပေးနေတာ
၆တန်းရောက်နေပြီ....အကုန်ရေးတတ်ဖတ်တတ်တယ်....
ကျောင်းတွေဆိုတာ လူအများနဲ့မို့ ကိုယ်စိတ်မချဘူး""ကလေးဆိုတာ စိတ်ပူလို့ရပါတယ်...ဒါပေမယ့် လူ့ပတ်ဝန်းကျင်နဲ့ထိတွေ့မှ လူအကြောင်းနားလည်မှာပေါ့.....အိမ်မှာဆို သူ့ကိူဝိုင်းချစ်ပေးကြတဲ့သူတွေချည်းဘဲ.....သမီးကနောက်ကျရင်
လူတိုင်းကအဲ့လိုဘဲလို့ ထင်နေတော့မှာ.......
ငယ်သေးတဲ့အရွယ်က ထားလိုက်ပါတော့... ကြီးလာရင်
ရှင်ဘယ်လိုလုပ်မလည်း....."
YOU ARE READING
~မာနလွန်.....မိုး~
Romanceသံယောဇဉ်ficလေးကို ဖတ်ဖူးတဲ့သူဆိုရင် သိပါတယ်နော်....ဒါလေးကအဆက်လေးလို့တောင် ပြောလို့ရပါတယ်ရှင့်...💓 ကိုကို့သားအာလူးနဲ့တိတိတို့ရဲ့ ဇာတ်လမ်းလေးပါ..... ဇာတ်အိမ်လေးကတော့ ficခေါင်းစဥ်အတိုင်းပါဘဲ... မာနတွေဘယ်လောက်အထိ လွန်ကြမလည်းဆိုတာ......💙