~မာနလွန်...မိုး~
အပိုင်း{၂၃}
"ရှင်နဲ့တော့ တကယ်ခက်နေပါပြီ...အဲ့ဒီလိုမျိုးဆိုရင် ကျွန်မ
မလိုက်ချင်ဘူး.... ""ကိုယ့်သူငယ်ချင်းတွေက တိတိကိုဘယ်လိုမှမထင်ပါဘူး..
အရင်ကတည်းကလည်း သူတို့နဲ့ ခင်နေတာမလား""ဒါပေမယ့် ကျွန်မမျက်နှာပူတယ်.....ပြီးတော့ သူတို့က
ပြန်ပေါင်းတယ်ဘဲထင်နေမှာ""ကိုယ်တော့ သူတို့ထင်သလို ပြန်ပေါင်းဖက်ခွင့်ရချင်တယ်"
"မဖြစ်နိုင်ဘူးလို့ ကျွန်မပြောပြီးပြီလေ ......"
"ဘာဖြစ်လို့လဲ တိတိရယ်"
"ဟိုတစ်နေ့က သမီးကြောင့် ဖြစ်သွားတာ...
အဲ့ဒီကိစ္စကြောင့်နဲ့တော့ ရှင်တလွဲထင်နေမှာစိုးရတယ်""ကိုယ်မထင်ပါဘူး...အဲ့တုန်းကလည်း ကိုယ်အခွင့်အရေးယူသလိုဖြစ်သွားခဲ့ရတာ တကယ်ကိုတောင်းပန်ပါတယ်"
"လုပ်ပြီးမှတောင်းပန်တတ်တာ ရှင့်အကျင့်မှန်းခုမှသိတယ်".
"ဘာဘဲဖြစ်ဖြစ် မင်းနဲ့ပထမဦးဆုံးအနမ်းမို့
ကိုယ်တော့ ပျော်တယ် "သူ့စကားကြောင့်မို့ တိတိမျက်နှာပူမိပြီး တစ်ဖက်သို့
အမြန်လွှဲပစ်ရမည်။နမ်းတဲ့အကြောင်းကို ကလေးရှေ့တောင်
မရှောင်ဘဲ သူပြောနေတာလေ.....အရင်ကပုံစံနဲ့တခြားစီဖြစ်နေတဲ့သူ့ကိုလည်း တကယ်တဖြည်းဖြည်းနားမလည်လာတော့ပါ.....
မာနတွေပြည့်နေတဲ့လူက အခုတိတိအပေါ်မှာ တစ်မျိုးတစ်မည် ပြောင်းလဲလို့လာသည်။သူ့စိတ်ရင်းအမှန်ဘဲလား....တိတိအခြေအနေကြောင့်လား....
.ဒါမှမဟုတ် သမီးလေးကို မိတကွဲဖတကွဲမဖြစ်စေချင်တာနဲ့ဘဲ
တိတိကို ချည်းကပ်နေခဲ့တာလား သဲသဲကွဲကွဲစဥ်းစားလို့မရပါ။သေချာတာတစ်ခုကတော့ သူတိတိကို
တောင်းပန်ကြောင်းတွေသာ တဖွဖွပြောနေခဲ့ပေမယ့်
ချစ်တယ်ဆိုတဲ့စကားကတော့ အရိပ်အယောင်တောင်မသမ်းပေ။
YOU ARE READING
~မာနလွန်.....မိုး~
Romanceသံယောဇဉ်ficလေးကို ဖတ်ဖူးတဲ့သူဆိုရင် သိပါတယ်နော်....ဒါလေးကအဆက်လေးလို့တောင် ပြောလို့ရပါတယ်ရှင့်...💓 ကိုကို့သားအာလူးနဲ့တိတိတို့ရဲ့ ဇာတ်လမ်းလေးပါ..... ဇာတ်အိမ်လေးကတော့ ficခေါင်းစဥ်အတိုင်းပါဘဲ... မာနတွေဘယ်လောက်အထိ လွန်ကြမလည်းဆိုတာ......💙