~မာနလွန်...မိုး~
အပိုင်း{၈}
တိတိမွေးမည့်ရက်က နှစ်ပတ်လောက်အထိလိုပါသေးတယ်..
အဲ့ဒါကို ရေမြွှာပေါက်တယ်ဆိုတော့....သမီးလေးက
သူ့တုန်းကလိုမျိုး လမစေ့ဘဲမွေးလာမှာလား....သူ့မွေးတုန်းက မားမားက ပါးပါးအစ်မ၏ယုတ်မာမှုကြောင့် ချော်လဲခဲ့ပြီး သူ့ကို လမစေ့ဘဲမွေးခဲ့ရတာ....
အခုသမီးလေးကကျ accident
ဖြစ်ရပ်မျိုးမရှိပါဘဲ...အစောကြီး ရေမြွှာပေါက်တယ်ဆိုတော့
ကျန်းကျန်းမာမာမှ မွေးလာပါ့မလား.....စာကျက်ဝိုင်းမှ ပစ္စည်းတွေတောင် မသိမ်းဆည်းနိုင်ဘဲ
ချက်ချင်းကို ကောက်ပြေးလာရတော့သည်။
သူငယ်ချင်းတွေကိုလည်း ပြောလို့မရသည့်ကိစ္စမို့
အရေးကြီးတယ်ဟုသာပြောပြီး ထားခဲ့ရ၏။မားကို ဖုန်းထပ်ဆက်ကာ ဘယ်ဆေးရုံမှာလည်းဟု
မေးလိုက်တော့ ပြထားသည့်ဆေးရုံမဟုတ်ဘဲ...နီးစပ်ရာ ဆေးခန်းသာဖြစ်နေ၏။အရေးပေါ်အခြေအနေမို့ နီးစပ်ရာကိုဘဲ ပြေးရတာတဲ့...
ဘုရားသိကြားမလို့... ကျွန်တော့်မိန်းမနဲ့ကလေး
ဘာမှမဖြစ်ပါစေနဲ့.....ဦးလေးကို ကားအမြန်မောင်းခိုင်းရသည်။ သူစာကျက်သည့်
နေရာနှင့်ဆေးခန်းက အတော်ဝေးသလို....အိမ်နှင့်ကလည်း
ဝေးသည်။အရေးဆို မီးပွိုင့်မိနေတာနှင့်ဘဲ လိုရာခရီးသို့မရောက်နိုင်ချေ။
တိတိမွေးခါနီးဖွားခါနီးအချိန်နဲ့မှ စာမေးပွဲက
လာတိုက်နေရတယ်လို့......နောက်ဆုတ်ဖို့ကလည်း
ဘယ်အရာကမှမရ.....ကလေးကိုနောက်ကျမှမွေးလို့ မရသလို......စာမေးပွဲကလည်း နောက်ကျမှဖြေလို့မရပေ။
နှစ်ခုစလုံးက ကျဥ်းထဲကြပ်ထဲရောက်နေတာမို့ ဘယ်ဘက်ကိုမှ
လှည့်လို့မရတာခက်၏။"မား....."
သူဆေးခန်းဆီ ပြေးဝင်သွားတော့ မားက ခွဲစိတ်ခန်းရှေ့
ရပ်နေလေသည်။"သားသား......လာလာ....ကလေးအဖေနေရာ သားလက်မှတ်ထိုးမှရမယ်....ဆရာမ ဒီမှာ ကလေးအဖေရောက်ပါပြီ"
YOU ARE READING
~မာနလွန်.....မိုး~
Romanceသံယောဇဉ်ficလေးကို ဖတ်ဖူးတဲ့သူဆိုရင် သိပါတယ်နော်....ဒါလေးကအဆက်လေးလို့တောင် ပြောလို့ရပါတယ်ရှင့်...💓 ကိုကို့သားအာလူးနဲ့တိတိတို့ရဲ့ ဇာတ်လမ်းလေးပါ..... ဇာတ်အိမ်လေးကတော့ ficခေါင်းစဥ်အတိုင်းပါဘဲ... မာနတွေဘယ်လောက်အထိ လွန်ကြမလည်းဆိုတာ......💙