Part-28 🖤

2.2K 98 2
                                    

~မာနလွန်...မိုး~

အပိုင်း{၂၈}

တိတိတို့ အရာအားလုံးကို အစကနေပြန်စခဲ့ကြသည်။ပါးပါးနှင့်မားမားတို့ကလည်း အိမ်ပြန်ခေါ်တာ​ကြောင့် သားအဖသုံးယောက် ပြန်နေခဲ့ကြ၏။


ဆေးရုံက တိတိပိုင်တာပါ....ခရစ်ကစပ်တူရှယ်ယာသာ
ထည့်ထားတာဖြစ်ပြီး အမေရိကမှာရေမွှေးစက်ရုံတည်ထောင်ထားတဲ့သူမို့ ခရစ်အတွက်ဒီဆေးရုံ၏ဝင်ငွေပမာဏလောက်က အရေးထားစရာမရှိပေ။


ဖေဖေက တိတိတို့မောင်နှမသုံးယောက် ကိုယ့်ပိုင်ဆိုင်မှုအသီးသီးရှိလာတာမို့ လူ့ဘောင်မှထွက်ခွာပြီး သာသနာ့ဘောင်ကိုအပြီးအပိုင်ဝင်သွားခဲ့တာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။


သီရိလင်္ကာနိုင်ငံရှိ ဘုန်းကြီးကျောင်းတစ်ခုသို့
အပြီးထွက်ခွာသွားပြီး တိတိတို့မောင်နှမသုံးယောက်ကို သံယောဇဉ်ဖြတ်သွားသည်။


အစပိုင်းတော့ ဝမ်းနည်းသတိရပြီး ဖေဖေ့အခုလိုလုပ်တာ
မှားတယ်ထင်ရပေမယ့် တဖြည်းဖြည်းနှင့်မှ ဖေဖေ့လုပ်ရပ်က
မှန်လာတာတွေ့ရသည်။


ဘာကိုမှမတွယ်ငြိမှ စိတ်အေးချမ်းရမယ်မဟုတ်လား....


ဒီလောကကြီးထဲမှလူတွေဟာ ရာဂမီးတွေ၊အတ္တမီးတွေ
မိသားစုဇောတွေဖြင့် လောင်မြှိုက်နေကြရင်း ထွက်ခွာသွားရ၏။
တကယ့်အစစ်အမှန်ဖြစ်သည့် အေးချမ်းရာနိဗ္ဗာန်ကို
မရှာဖွေကြပါ။



တိတိတို့လည်းဒီလိုပါဘဲ....ဒီ​နွံတွေထဲမှာ နစ်မြဲနစ်ဆဲ.....

ချစ်ရသူတွေနှင့်အတူရှိချင်တဲ့စိတ်တွေကြောင့် သံသရာကိုသာ
ရဲရဲဝံ့ဝံ့ရင်ဆိုင်နေကြသည်။


ဖေဖေက သားသမီးတွေကိုစိတ်ချသွားမှ ထွက်ခွာသွားတာဖြစ်၏။သူ့ကို တသက်လုံး လာမတွေ့ဖို့လည်း
မှာကြားသွားတာပင်။ ဖေဖေကပြတ်သားလိုက်တာ........


မောင်လေးတွေက ကျောင်းပြီးလို့ဘွဲအသီးသီးရလာခဲ့ကြပြီမို့ မြန်မာပြည်ကို ပြန်လာကြတော့မည်။တိတိအကြောင်းကို
ပြောပြလိုက်ပြီး သူတို့ကဒီကိုလာချင်ကြ၏။


~မာနလွန်.....မိုး~Where stories live. Discover now