~မာနလွန်.....မိုး.~
အပိုင်း{၂}
မှတ်တိုင်ငါးတိုင်တဲ့...... အခုမှ သုံးတိုင်တောင်မရောက်သေးဘဲ ရန်ကုန်မိုးက ချက်ချင်းဆိုသလို ထသည်းလာသည်။
ကျောပေါ်က သူမမှာလည်း ဆင်း၍ လမ်းဘေး၌
ဆောက်ထားလေသည့် ကင်းတဲလေးတစ်ခုထဲသို့ ပြေးလေသည်။ မိုးရောလေရောပါလာတာမို့ သူမနောက်သို့ လိုက်၍ တဲအတွင်း ဝင်လိုက်မိသည်။တဲလေးမှာ လေးဘက်လေးနံကို အောက်ပိုင်းသာကာထားပြီး အပေါ်က ဒလဟာပြင်ဖြစ်လေ၏။ တဲ၏အောက်ခြေမှာ အထပ်သားပြား အပဲ့အရွဲ့များ ခင်းထားပြီး သောက်ရေအိုး
သေးသေးတစ်လုံးမှလွဲ၍ မည်သည်မျှမရှိပါ.......တဲအပြင်ဘက်ကနေ ကြည့်လျှင် တဲထဲတွင် ထိုင်နေသောလူကို
မမြင်နိုင်ပေ။ထိုနည်းတူ တဲထဲမှလူကလည်းထိုင်နေစဥ်
အပြင်ဘက်သို့မမြင်ရပေ။ ကင်းပုန်းဝပ်လို့ကောင်းသော
နေရာလည်းဖြစ်၏။အဆိုပါ ကင်းတဲဟု ခေါ်ရသောတဲအတွင်းသို့ နှစ်ဦးသား
မိုးခိုနေကြရ၏။ စောစောက မိုးရေအနည်းငယ်မိလိုက်လို့ထင်သည်။ သူမမျက်နှာတွင် စောစောက ထူပျစ်နေသော သနပ်ခါးများဟာ အလုံးအရင်းအတိုင်းမရှိတော့ဘဲ ဟိုတကွက်
ဒီတကွက်....မိုးရေစက်များမှာ မျက်နှာအနှံ့ သီးခဲလျက်.....ဆံပင်ဂုတ်အဝဲမှာလည်း ရေစို၍ တံမြက်စည်းစအတိုလို
ကပ်နေသည်။သူမမျက်နှာပေါ်ရှိ ရေစက်တွေကို လက်နှင့်
သပ်ချပစ်လိုက်တော့ သနပ်ခါးတွေ အများအပြားမရှိတော့ဘဲ မျက်နှာဝင်းဝင်းလေးက ရှင်းထွက်လာ၏။တင်းတင်းစေ့ပိတ်ထားသော နူတ်ခမ်းအစုံမှာလည်း
မိုးရေစက်ကြောင့် ပတ္တမြားအညို့ရောင်သမ်းနေသည်။ထိုခဏတာမှာ သူမအား အမှန်တကယ်ငေးမောမိပြီး....
လှလိုက်တာ ဟု စိတ်ထဲက ရေရွတ်မိကြောင်း ဝန်ခံပါသည်။.မျက်နှာတွေမှတဆင့် တစ်စက်စက်ကျနေသည့်
မိုးရေစက်တွေကြောင့် သူမ၏အင်္ကျီဆီသို့
အာရုံရောက်သွားမိသောအခါ ဖြတ်ခနဲအကြည့်လွှဲလိုက်ရ၏။ဝတ်ထားတာက တီရှပ်အဖြူအပါး...ပါးတာမှ တော်တော့်ကို
ပါးလောက်သည်။စောစောက မိုးမရွာခင်က အင်္ကျီကအခြောက်မို့ သတိမထားမိသော်လည်း.... ယခု မိုးရေစိုထားသောအခါ
မကြည့်ရဲလောက်အောင် ပါးမှန်းသိလိုက်ရသည်။
YOU ARE READING
~မာနလွန်.....မိုး~
Romanceသံယောဇဉ်ficလေးကို ဖတ်ဖူးတဲ့သူဆိုရင် သိပါတယ်နော်....ဒါလေးကအဆက်လေးလို့တောင် ပြောလို့ရပါတယ်ရှင့်...💓 ကိုကို့သားအာလူးနဲ့တိတိတို့ရဲ့ ဇာတ်လမ်းလေးပါ..... ဇာတ်အိမ်လေးကတော့ ficခေါင်းစဥ်အတိုင်းပါဘဲ... မာနတွေဘယ်လောက်အထိ လွန်ကြမလည်းဆိုတာ......💙