Part-15

1.7K 67 2
                                    

~မာနလွန်....မိုး~

အပိုင်း{၁၅}

"ဟင့်အင်း....မရဘူး... ချေချေလည်းလိုက်မှာ....​နော်ဖေဖေ့"



"ဖေဖေကလည်း သမီးကလေးကို ခေါ်ချင်တာပေါ့ကွာ....ဖေဖေအခုသွားမယ့်နေရာက အဝေးကြီးဘဲ ခရီးလည်းပန်းဦးမယ်...
ဟိုရောက်လို့ရှိရင် ဒီမှာလို ချေချေကလေးဇိမ်နဲ့
မနေရဘူး....အိပ်ရာကောင်းကောင်းလည်းမရှိဘူး...အစားကောင်းကောင်းလည်းမရှိဘူး....သမီးလေးစားချင်တဲ့ရေခဲမုန့်တွေ
ချောကလက်တွေလည်းမရှိဘူး.....နောက်ပြီးတော့ ဖေဖေက တစ်နေကုန်လူနာတွေကို ကုပေးရမှာ ချေချေလေးကတစ်ယောက်တည်းဖြစ်နေမှာ....."



"ဟင်...ဟုတ်လား ....ဒါဆို ဖေဖေကပင်ပန်းမှာပေါ့...ချေချေလိုက်ရင် ဖေဖေလည်းပိုပြီးပင်ပန်းရမှာပေါ့နော်"



သမီးလေးက အဲ့ဒီလိုကိုလိမ္မာတာပါ။.....ကပ်ချွဲလေးဆိုပေမယ့် အကျိုးအကြောင်းနဲ့ရှင်းပြလျှင် နားလည်သည်၊သိတတ်သည်။လူကြီးလေးတစ်ယောက်လို စဥ်းစားတတ်သေးသည်။


အခုလည်း သူလေးလိုက်ချင်နေပေမယ့် အဖေဖြစ်သူပြောသည့်စကားကြောင့် ဖအေကိုပိုပင်ပန်းမှာက စိုးရိမ်သေးသည်။
သူလည်းဘဲ သမီးလေးနှင့်မခွဲနိုင်ဘူးဆိုပေမယ့်
သွားရမယ့်နေရာက ဝေးပြီး တောကြားတောင်ကြားမှာမို့ နုနယ်သောသမီးလေးကို ခေါ်သွားဖို့မဖြစ်နိုင်ပါ....။

နောက်ပြီးတော့ ဒီခရီးမှာ သူ့မေမေလည်းပါဦးမည်။
ကလေးနဲ့အမေတွေ့မှာကို အူပုတ်တာမဟုတ်ပေမယ့် တိတိကသမီးလေးကို တစ်ခါတည်း ခေါ်သွားမှာကိုစိုးရိမ်မိသည်။

သူကသမီးလေးကိုနှစ်တွေဘယ်လောက်ကြာအောင်
ပြုစုပါလိမ့်စေ.....တိတိမှာကငွေရှိသည်၊အာဏာလည်း
ဝယ်လို့ရသည်။တိတိက သမီးလေးကို ခေါ်သွားချင်တယ်
ဆိုရင်လည်း သူ့မှာဘာမျှတားနိုင်မှာမဟုတ်....
ဘာဖြစ်လို့လဲဆိုတော့ ဒီသမီးလေးဟာ တိတိ ကိုးလကိုယ်ဝန်ဆောင်ပြီး ဆယ်လမှာ ခက်ခက်ခဲခဲဖြင့်
မွေးဖွားထားရသည်မို့ပင်.........


သမီးလေးက သူနှင့်သာနှစ်တွေအကြာကြီး နေခဲ့ရပေမယ့်
မအေဖြစ်သူနှင့်တော့ အကြာကြီး ခွဲထားရလေသည်။
ပြန်ခေါ်မယ်ဆိုရင် တိတိဘက်က အပြည့်အဝ
ပြန်ခေါ်ခွင့်ရှိပါတယ်လေ.....သူကသာ တစ်ဖက်သတ်တည်း
အတ္တတွေကြီးနေမိတာပင်။



~မာနလွန်.....မိုး~Where stories live. Discover now