~မာနလွန်....မိုး~
အပိုင်း{၉}
"ကျုပ်သမီး မိုးပကတိနဲ့တွေ့ချင်တယ်"
အသံသြဇာကောင်းကောင်း...မျက်နှာထားတင်းတင်းဖြင့်
သန့်ပြန့်နေအောင် ဝတ်စားထားကာ ကားအကောင်းစားကြီးဖြင့်
စီးလာပြီး ဝင်လာသူက တိတိရဲ့အဖေတဲ့လား.......တိတိနှင့်တော့ ရုပ်ချင်းအတော်ဆင်လေသည်။
အပြုံးအရယ်ကတော့ လုံးဝမရှိပေ။"ကျွန်မက တိတိရဲ့ယောက္ခမပါ...ဒီက...."
"ကျုပ်က တိတိအဖေပါ....."
"အော်.....ဟုတ်လား....ပျောက်သွားတယ်ဆိုတဲ့...."
"တိတိတို့နဲ့ကွဲခဲ့တာ ဆယ်နှစ်ရှိပါပြီ....ကျုပ်သားလေးတွေတစ်သက်ပေါ့....အခု..ကျုပ်သမီးနဲ့တွေ့လို့ရမလား...."
စကားကို ခပ်ပြတ်ပြတ်သာပြော၍ တိတိကိုသာ
တွေ့ခွင့်တောင်းနေတာမို့ မတတ်သာဘဲ အိမ်ထဲသို့
ခေါ်လာခဲ့လိုက်သည်။ဟိုတစ်ခါတိတိအမေလာတုန်းကလည်း တိတိလေးကို
ရက်ရက်စက်စက်ရိုက်သွားပြီး ငွေတောင်းသွားခဲ့တာ...
အခုရော တိတိအဖေဆိုသူက ဘာတွေများလုပ်လိမ့်ဦးမလည်း..ဒီလူကြည့်ရတာ ခပ်တည်တည်ပုံစံပါဘဲ.....
"ထိုင်ပါရှင့်.. ကျွန်မ တိတိကို သွားခေါ်ပေးပါ့မယ်...."
တိတိကို သွားခေါ်တော့လည်း ကလေးကိုသိပ်နေသည့်တိတိမှာ
အံ့သြသွားပြီး ချက်ချင်းအောက်ထပ်သို့ ပြေးဆင်းသွားလေ၏။
သားအဖနှစ်ယောက်စကားပြောမည့်နေရာကို
လိုက်သွား၍အဆင်မပြေတာကြောင့် ကလေးအိပ်နေတာကိုဘဲ စောင့်ကြည့်ဖို့ဆုံးဖြတ်ကာ တိတိနောက်သို့ လိုက်မသွားဘဲ
နေလိုက်သည်။တွေ့ချင်ဇောဖြင့် ပြေးဆင်းလာခဲ့ပြီးမှ အောက်ဆုံးလှေကားသို့
မရောက်ခင်မှာ တိတိရပ်တန့်သွားမိသည်။ ဖေဖေ့ကိုမတွေ့ရတာ ဆယ်နှစ်ရှိပြီ.....တိတိရှစ်နှစ်သမီးကတည်းက ဖေဖေက
အလုပ်လုပ်မည်ဟုဆိုပြီး တိတိတို့ကိုထားခဲ့တာ......အခု....အခုအချိန်မှဖေဖေကပြန်ရောက်လာလေသည်။ ဖေဖေ့မေတ္တာတွေကို မရခဲ့သည့် ဆယ်နှစ်ကျော်အတွင်းမှာ
တမ်းတနေခဲ့မိတာအမှန်ပါ......ဖေဖေဟာ အလုပ်လုပ်ဖို့ဆိုပြီး ထွက်မသွားခင် တိတိတို့အပေါ်၌ မေတ္တာတရားကြီးမားခဲ့သည်။
YOU ARE READING
~မာနလွန်.....မိုး~
Romanceသံယောဇဉ်ficလေးကို ဖတ်ဖူးတဲ့သူဆိုရင် သိပါတယ်နော်....ဒါလေးကအဆက်လေးလို့တောင် ပြောလို့ရပါတယ်ရှင့်...💓 ကိုကို့သားအာလူးနဲ့တိတိတို့ရဲ့ ဇာတ်လမ်းလေးပါ..... ဇာတ်အိမ်လေးကတော့ ficခေါင်းစဥ်အတိုင်းပါဘဲ... မာနတွေဘယ်လောက်အထိ လွန်ကြမလည်းဆိုတာ......💙