~မာနလွန်...မိုး~
အပိုင်း{၁၇}
"ကိုယ်သိပါတယ်... အခုတိတိရဲ့အခြေအနေက ကိုယ်နဲ့လုံးဝမတန်တော့ဘူးဆိုတာလည်း သိပါတယ် "
"ဘယ်လိုလဲ... ရှင်တရားဝင်လူသိရှင်ကြား လက်မထပ်ချင်ခဲ့တဲ့ လမ်းဘေးက အကြော်သည်က အခုဘောင်ဝင်နေပြီမို့လား....
ရှင်လိုချင်တဲ့ဇနီးမျိုးက ဒီလိုပုံစံမဟုတ်လား......အဲ့ဒါကြောင့်
ရှင်အခုလို ကျွန်မရှေ့မှာဒူးထောက်နေတာမဟုတ်ဘူးလား"မဟုတ်ဘူး..... သူတိတိကို ချစ်မိခဲ့တာ အခုမှ မဟုတ်ဘူး..
သူမထွက်သွားပြီးပြီးချင်းကတည်းကပါ....ဒါပေမယ့် ဒီလိုအချိန်ဒီလိုအနေအထားမှာ သူ့ကို ဒီလိုထင်တာ ဖြစ်သင့်ပါတယ်လေ...
တကယ်ဆို ဒီ့ထက်ပိုပြီးတော့တောင် သူမမှာ ထင်ပိုင်ခွင့်တွေအများကြီးရှိပါတယ်လေ....."မဟုတ်ရပါဘူး... ကိုယ်အဲ့ဒီလိုမျိုး တကယ်မဟုတ်ပါဘူး
တိတိရယ်""မခေါ်ပါနဲ့...ကျွန်မကို အဲ့ဒီနာမည်မခေါ်နဲ့....
ပြောပြီးပြီမဟုတ်လား.....တိတိကရှင်သတ်လို့
သေသွားပြီဆိုတာ.... ""ကိုယ့်မှာပြင်ဆင်ခွင့်မရှိတော့ဘူးလား......ကိုယ့်ဘဝမှာ မင်းကိုတစ်သက်လုံးဒူးထောက်နေရမယ်ဆိုလည်း......"
"တော်စမ်းပါ....... ဟိုးအရင်က ကျွန်မ တိတိဆိုတဲ့အညတရ
ဖြစ်ခဲ့တုန်းက ရှင့်ကိုယ်ရှင် <ကိုယ်>ဆိုတဲ့နာမ်စား
သုံးခဲ့ဖူးလို့လား....ငါ ငါ ငါဆိုတဲ့ အတ္တတွေဘဲ
ကျွန်မအမြဲကြားနေခဲ့ရတာ...ရှင့်ကြောင့်ရတဲ့ကိုယ်ဝန်နဲ့
ကျွန်မကိုယ်ကျွန်မ သိမ်ငယ်စွာနေနေခဲ့ရတဲ့အချိန်မှာ ရှင်ကဥပေက္ခာတွေနဲ့ ဖိနှိပ်ပြီးထားခဲ့တာလေ......""ကိုယ့်အပြစ်တွေကို ကိုယ်ဝန်ခံပါတယ်.....ကိုယ်ကမင်းအပေါ် အရမ်းမကောင်းခဲ့တဲ့ကောင်ပါ.....ကိုယ့်ဥပေက္ခာတွေကြောင့် မင်းနာကျင်နေခဲ့ရမှန်းလည်း ကိုယ်သိခဲ့ပါတယ်....
အခုကိုယ်အရမ်းလည်း နောင်တရနေမိပါပြီ""အဟက်...နောက်ကျသွားပြီ..ရှင့်နောင်တက ကျွန်မအတွက် သိပ်နောက်ကျလွန်းတယ်......"
YOU ARE READING
~မာနလွန်.....မိုး~
Romanceသံယောဇဉ်ficလေးကို ဖတ်ဖူးတဲ့သူဆိုရင် သိပါတယ်နော်....ဒါလေးကအဆက်လေးလို့တောင် ပြောလို့ရပါတယ်ရှင့်...💓 ကိုကို့သားအာလူးနဲ့တိတိတို့ရဲ့ ဇာတ်လမ်းလေးပါ..... ဇာတ်အိမ်လေးကတော့ ficခေါင်းစဥ်အတိုင်းပါဘဲ... မာနတွေဘယ်လောက်အထိ လွန်ကြမလည်းဆိုတာ......💙