Part-5

1.5K 71 10
                                    

~မာနလွန်...မိုး~

အပိုင်း{၅}

သူ့အခန်းထဲမှာ တိတိနေခွင့်ရပါသည်။ သူ့အိပ်ခန်းဆိုတာ
တိတိအတွက်တော့ စိတ်ကူးတောင်ထည့်မယဥ်နိုင်သည့်နေရာမျိုး
တစ်ခန်းလုံး၏ အပြင်အဆင် အသုံးအဆောင်တွေဟာ
တိတိတို့အိမ်အသုံးစရိတ်၏ ဆယ်ဆလောက်တန်ဖိုးရှိ၏။

သူ့စာကြည့်စားပွဲဟာလည်း စာအုပ်တွေကို သူ့အကန့်နှင့်သူ
ထပ်ထားပြီး မီးအိမ် ရေခရား ရေခွက် အလှပန်းအိုးစသည့် ပစ္စည်းလှလှလေးများကို ထားထားသေးသည်။

ရေခဲသေတ္တာလည်းရှိသလို ရေပူရေအေးစက်လည်းရှိ၏။
တကယ့်ကို လိုတရဘဝပါဘဲလား.....ဒါ့ကြောင့်လည်း သူက တိတိလိုမိန်းကလေးကို လူသိရှင်ကြား လက်မထပ်ချင်ဘူးလို့ ပြောတာဘဲ....သူနေထိုင်ရတဲ့ဘဝက အဆင့်အတန်မြင့်မြင့်
အပူပင်ကင်းကင်း ပြီးပြည့်စုံနေတဲ့ ဘဝတစ်ခုဘဲ..



"ဘာလုပ်နေတာလဲ... ထိုင်လေ..."


မတ်တပ်ရပ်ပြီး ကြောင်ကြောင်လေးရပ်နေသည့် တိတိကို သူကမှန်ရှေ့မှ လှမ်းပြောနေသည်။ သူ့မျက်နှာကဒဏ်ရာတွေကို မှန်ထဲကြည့်နေရင်းပင်.....။


နူတ်ခမ်းထောင့်နှင့် ပါးရိုးနားတွင် ဒဏ်ရာက သွေးစို့နေသည်။
ပါးပါးက တော်တော့်ကို လက်သံပြောင်တာဘဲ....

"အား...ကျစ်...."



"ဆေးထည့်ပေးရမလား...."


သူကအော်နေတာဆိုတော့ တိတိလည်းမနေသာတော့ပေ။
ထို့ကြောင့်မေးလိုက်ရသည်။


"မင်းက ထည့်ပေးချင်စိတ်ရှိလို့လား...ငါ့ကိုမမုန်းဘူးလား"


"ငါ့ရှေ့မှာ ဖြစ်ပျက်နေတာ ဒီတိုင်းနေရင် အဆင်မပြေလို့"



"ဒါဆိုလည်း ငါ့ဗီရိုရဲ့အောက်ဆုံးမှာ ဆေးသေတ္တာ
ရှိတယ်...ယူလာခဲ့ပေး"

သူအဝတ်ဗီရိုက အကြီးကြီးဖြစ်ပြီး တံခါးပေါက်လေးခုပါသည်။အောက်ဆုံးထပ်ထဲမှ ဆေးသေတ္တာအား ယူလိုက်ပြီး...

သူကကုတင်ပေါ်မှာ ပက်လက်ကြီးလုပ်နေတာကြောင့်

"ကုလားထိုင်ပေါ် လာလိုက်ပါ့လား....."



~မာနလွန်.....မိုး~Where stories live. Discover now