Part -19

1.5K 80 6
                                    

~မာနလွန်....မိုး~

အပိုင်း{၁၉}

တိတိ ခြေမကိုင်မိ လက်မကိုင်မိ... ကြောင်နေလျက်သားဖြင့်သာ သူ့အဖေပွေ့ချီသွားလေသည့်သမီးလေးကို ကြည့်နေမိတော့သည်။ ကားပေါ်ရောက်နေပြီးသည်တိုင်အောင် အံ့သြမှုများစွာဖြင့် ခြေထောက်က ရှေ့ဆက်သွားဖို့အတွက်
မလှုပ်နိုင်တော့လောက်အောင် ဆိုးဝါးလွန်းနေတော့၏။


ကားထွက်ခါနီးမှ တိတိထိုကားဆီလျှောက်လှမ်းနေမိသည်။
နေပါဦးလို့ တားဆီးဖို့အတွက် နူတ်ခမ်းတွေက ပိတ်နေသည်။

ကားထဲမှ မားဟာ တိတိကို ဖြတ်ခနဲလှမ်းကြည့်မိရင်းမှ
တိတိဆီက အကြည့်မခွာတော့ပေ။ထို့နောက်
ထွက်လုဆဲဆဲဖြစ်နေသည့်ကားကို ရပ်ခိုင်းနေတာ
တိတိလှမ်းမြင်နေရ၏။

သူကတော့ တိတိတို့သားအမိဆုံမှာကို
မလိုလားလို့လား....တစ်ခုခုကို စိုးရိမ်နေသည့်မျက်ဝန်းတွေဖြင့် တိတိကိုလှမ်းကြည့်နေသည်။

တိတိရှေ့သို့ခြေတစ်လှမ်း ထပ်တိုးလိုက်စဥ်မှာဘဲ ကားကလည်း ရပ်သွားပြီး မားဆင်းလာသည်။


"တိတိမို့လား......မားမျက်လုံးတွေ မမှားလောက်ပါဘူး...သမီးဟုတ်တယ်မို့လား"

တိတိ ခေါင်းငြိမ့်မိသည်။ထို့နောက်မားကို ပြေးဖက်လိုက်သည်။မားရဲ့ရင်ခွင်သည် တစ်ချိန်က တိတိအတွက် နွေးထွေးခဲ့ပါတယ်..
တစ်မိသားစုလုံးထဲမှာ တိတိကို မေတ္တာပြည့်ပြည့်ဝဝ ပေးခဲ့သောအမျိုးသမီးကြီးပေါ့......အခုထိလည်း မားရဲ့ရင်ခွင်ဟာ
တိတိအတွက် နွေးထွေးနေဆဲပါ။



"ဟုတ်ပါတယ်.....တိတိပါ......မားနေကောင်းတယ်နော် "




"ဒါတွေကအရေးမကြီးပါဘူး သမီးရယ် ဟိုမှာလေ
သမီးရဲ့ကလေးလေး"



မားရဲ့စကားကြောင့် သူ့အဖေပေါ်မှာရှိနေတဲ့သမီးလေးကို တိတိလှမ်းကြည့်မိသည်။ကစားကွင်းတုန်းက မဖွံ့မဖြိုးဘဲ
သေးကွေးလွန်းသည့်ကလေးလေးမို့ အသနားပိုပြီး
အချစ်လည်းပိုခဲ့သည်။အစက တိတိသမီးလေးလို့တောင်
ထင်ခဲ့မိသေးတာ.... နောက်မှ ကိုယ့်သမီးက၁၂နှစ်ဆိုတာရယ် ကလေးနှင့်အတူပါလာတဲ့လူတွေရယ်ကြောင့် ထင်နေမိတာကို လက်လျှော့ခဲ့တာ......အခုတော့ တိတိသမီးလေးတဲ့လား...

~မာနလွန်.....မိုး~Where stories live. Discover now