Part-25

1.4K 96 4
                                    

~မာနလွန်....မိုး~

အပိုင်း{၂၅}


တိတိပြန်ပါလာတော့ သမီးလေးမှာ သူ့မေမေကိုမြင်လျက် မြူးထူးခုန်ပေါက်နေလေသည်။ သူ့မေမေကို ပြန်ထွက်ပြေးသွားမှာလည်းကြောက်လို့တဲ့....သူ့လက်နဲ့သူ့မေမေလက်ကို
ချည်ကြိုးဖြင့်ပူးတွဲ၍ချည်ထားလေသည်။


ကလေးအသိလေးနဲ့မအေကိုတွယ်တာတာများ
ချစ်စရာကောင်းလိုက်တာ........


တိတိကအရင်အခြေအနေနှင့်ပြန်ရောက်လာတယ်လို့ပြောတာ
အမြွာနှစ်ယောက်က ဟိုးအရင်လိုမဟုတ်ဘဲ
သူမကိုလက်ခံပေးကြသည်။သူတို့ယောင်းမအနေနှင့် လေးလေးစားစားဆက်ဆံကြ၏။

ငယ်ငယ်တုန်းကငယ်စိတ်နှင့်မို့ ဆိုးခဲ့ကြသော်လည်း အခုအချိန်မှာအသိတရားနှင့်ရင့်ကျက်လာ၍ အမြွှာနှစ်ကောင်မှာ
စိတ်တွေလည်းပြောင်းလဲလို့လာလေသည်။


မေနှင့်အငယ်ကောင်ကတော့ ပြောမနေနှင့်ပေါ့....
သူတို့ကနဂိုကတည်းက ပြေလည်စေချင်တဲ့သူတွေမဟုတ်လား..

နိုင်ငံခြားခရီးစဥ်ထွက်နေရတဲ့ပါးပါးနှင့်မားမားကတော့
ပြန်လာရင် ဘယ်လိုများနေမလည်းမသိပေ။
တိတိနှင့်သူပြန်ပေါင်းပြီဆိုတော့ ဝမ်းသာနေကြမှာဘဲလေ...


အခုလောလောဆယ်တော့ သူအလုပ်အသစ်ရှာရမည်။
သူ့မှာစုထားဆောင်းထားတာရှိသည်ဆိုပေမယ့်
တိတိနှင့်သမီးလေးကို သူ့အင်သူ့အားနှင့် တင့်တောင်းတင့်တယ်ဇိမ်ရှိရှိနေစေချင်သည်။


ထို့ကြောင့် နောက်ထပ်ကိုယ်ပိုင်ဆေးရုံတစ်ခုခုမှာ
အလုပ်ဝင်ရန်အတွက်ကြိုးစားရပေဦးမည်။



မြန်မာနိုင်ငံမှာလည်း ဆရာဝန်တွေက များလှသည်မို့လား.....
သူ့ဆေးရုံ သူ့ဝန်ထမ်းနှင့်အံကိုက်ဖြစ်နေကြတာ......

အလုပ်အသစ်ဆိုတာကလည်း ထပ်မံတိုးချဲ့သည့်ဆေးရုံရှိလို့...
ဒါမှမဟုတ် ပညာတော်သင်သွားသည့်ဆရာဝန်တွေအတွက်
နေရာအစားခေါ်ယူတာမျိုးတွေမှာသာ လျှောက်လို့ရလောက်မည်ထင်၏။




"တိတိ.....သမီးလေးနှင့်နေလိုက်ဦးနော်
ကိုယ်အလုပ်သွားရှာလိုက်ဦးမယ်"



~မာနလွန်.....မိုး~Where stories live. Discover now