part-6

1.4K 66 6
                                    

~မာနလွန်...မိုး~

အပိုင်း{၆}

ချစ်လို့ယူထားတာမဟုတ်သည့် လူနှစ်ယောက်၏ဆက်ဆံရေးဟာ ကိုယ်ခန္ဓာပတ်သတ်မှုပါ မရှိတော့သည့်အတွက် ပို၍ပို၍
အေးစက်လာခဲ့တော့သည်။

ချစ်လို့မဟုတ်ဘူးဆိုတာက သူ့ဘက်ကဘဲ ဖြစ်ပေလိမ့်မည်။
သူတိတိကို မချစ်ပါဘူး...... သူတကယ်ချစ်တဲ့မိန်းကလေးဆိုရင်
အခုလိုမျိုးလုပ်ရက်တွေလုပ်ပြီး လူမသိသူမသိ ဇနီးမယားဘဝမှာ ထားမှာမဟုတ်ဘူးဆိုတာ ကိုယ့်ကိုကိုယ်လည်း သိနှင့်နေပြီးပါပြီ။

သူ့မိဘတွေက ကောင်းပေမယ့် သူ့ညီမတွေ ဆွေမျိုးတွေ အဘိုးအဘွားတွေရဲ့ အထင်သေးခြင်းနှင့် မကြည်ဖြူခြင်းများကို ခံယူရင်း ကြိတ်မှိတ်၍ရှင်သန်လာခဲ့တာ
တစ်လတောင်ကျော်ခဲ့လေပြီ။


အသက်၁၈နှစ်တောင် ကောင်းကောင်းမပြည့်သေးတဲ့တိတိမှာ အခုလိုသားဦးကို လွယ်ထားရတော့
ကိုယ်ဝန်ရှိခြင်း၏နောက်ဆက်တွဲ အကျိုးဆက်များအား အလူးအလဲခံစားရပါသည်။


အစားအသောက်ပျက်တာတွေ.......ဟင်းနံ့မခံနိုင်တာတွေ...
ဟင်းနံ့တင်မဟုတ်ဘဲ သူသုံးလေ့ရှိသောရေမွှေးအနံ့တွေ ပန်းနံ့တွေ
ဘာဆိုဘာမှ မခံနိုင်ပါ.....

ဒါကိုသူက ငါ့ရေမွှေးကအဲ့ဒီလောက် အနံ့မရိုင်းပါဘူးတဲ့....
ပန်းနံ့သင်းသင်းလေးတောင် အနံ့မခံနိုင်ပါဘူးဆို ဓာတုဗေဒနဲ့ဆက်စပ်ပြုလုပ်ထားသည့် ရေမွှေးဆို ပိုဆိုးတာပေါ့......

ဘာမှမလုပ်ရတာတောင် အကြောတွေတက်ပြီး တရှောင်ရှောင်နဲ့နေမကောင်းနေတာ....လူကလည်းအရင်ကထက်နှစ်ဆလောက်ပိန်ကျသွားသည်။

ဒါလည်း သူက​ပြောသေးသည်။ကိုယ်ဝန်ဆောင်ရင် ဝလာတာဘဲ မြင်ဖူးပါတယ်တဲ့......

ဆေးကျောင်းသားတစ်ယောက်မဟုတ်တဲ့အတိုင်းဘဲ....
လူတစ်ယောက်နဲ့တစ်ယောက်က တူတာကြလို့......


တိတိမှာ နေရခက်နေသော်လည်း သူ့ရဲ့ဂရုစိုက်မှုတွေရမလား
မှတ်တယ်.....ဆရာသမားက ဒုတိယနှစ်စာမေးပွဲက နီးလာပြီမို့လို့
ညဘက်တောင်အိမ်ပြန်မအိပ်နိုင်ပေ။ ကျောင်းနဲ့စာကျက်ဝိုင်း
ကျူရှင်စသည်တို့ကို ကူးပြောင်းနေတာနှင့်ဘဲ မအားလပ်နိုင်ပေ။


~မာနလွန်.....မိုး~Where stories live. Discover now