~မာနလွန်...မိုး~
အပိုင်း{၃၀}
လွန်ခဲ့သော၄၈နာရီခန့်က.....
"ခုနကလမ်းလျှောက်ရလို့ မောနေကြမှာဘဲ....အချိုရည်လေးသောက်လိုက်ပါဦးလား"
"မလိုပါဘူး ရတယ် "
ပုလဲက ငြင်းပေမယ့် ပတ္တမြားကလက်ကမ်းပြီးသား
ဖြစ်နေတာကြောင့် ပြန်ပြီးလက်ရုတ်လိုက်ရ၏။လျှံ.... ပတ္တမြားလက်အားပြန်ဆွဲကာ အချိုရည်ဗူးအား
ထည့်ပေးလိုက်ပြီး....."သောက်ပါဗျာ...စေတနာနဲ့တိုက်တာပါ.....မပတ္တမြားရော
မပုလဲရော ပူပြီးမောနေမှာစိုးလို့......."ပုလဲစိတ်ထဲတော့ သူ့ကို ခပ်ချဥ်ချဥ်တွေးမိသည်။တော်တော်စကားများတဲ့ကောင်ဘဲ....သူ့ထက်အကြီးဆိုသည့်သူက
ကားမောင်းနေပြီး ဘာမျှမပြောဘဲ...သူ့ကျမှစကားတွေ
များလိုက်တာ.. ...ဘေးက ပတ္တမြားကတော့ သူ့မျက်နှာရိပ် မျက်နှာကဲကိုမကြည့်ဘဲ ဟိုကပေးသည့်အချိုရည်ဗူးအားသောက်နေ၏။
တကယ်ကိုအလိုက်မသိတဲ့ကောင်မလေး.......သူများက
ကျွေးတိုင်းမစားရဘူးဆိုတာလည်း သူမသိဘူး"ပုလဲ....သောက်ပါ့လား...အေးအေးလေးကောင်းတယ်"
"တော်ပါ....နင့်ဟာနင်သောက်...ငါမသောက်ဘူး"
ပုလဲကရွဲ့ပြောလို့ပြောမှန်းမသိဘဲ ပတ္တမြားကအချိုရည်ဗူးကို
တဂွတ်ဂွတ်မြည်အောင် အသံထွက်ပြီးသောက်လိုက်သေးသည်။မီးပွိုင့်ကိုရောက်တော့ သူတို့ပြောသည့်နေရာဘက်ကိုမဟုတ်ဘဲ တခြားဘက်သို့ချိုးနေတာကိုတွေ့ရသည်။
"ဟဲ့...နင်တို့ဘယ်ကိုမောင်းနေတာလည်း....ပတ္တမြား"
ပုလဲမှာ လမ်းတွေကိုသတိထားကြည့်နေမိပြီး မူမမှန်တော့ ပတ္တမြားဘက်သို့လှည့်ခေါ်လိုက်သောအခါ....မယုံနိုင်အောင်ပတ္တမြားက ကားမှန်ကိုမှီကာ တရှုးရှုးအိပ်ပျော်နေသည်။
"ပတ္တမြား ပတ္တမြား.... ထစမ်း...ဟဲ့ထစမ်းလို့"
မဟုတ်သေးဘူး... ပတ္တမြားနှိုးလို့မရတာပုံမှန်မဟုတ်ဘူး....တစ်ခုခုတော့ လွဲနေပြီ....မဟုတ်မှလွဲ ဟိုအချိုရည်ဗူးက....
YOU ARE READING
~မာနလွန်.....မိုး~
Romanceသံယောဇဉ်ficလေးကို ဖတ်ဖူးတဲ့သူဆိုရင် သိပါတယ်နော်....ဒါလေးကအဆက်လေးလို့တောင် ပြောလို့ရပါတယ်ရှင့်...💓 ကိုကို့သားအာလူးနဲ့တိတိတို့ရဲ့ ဇာတ်လမ်းလေးပါ..... ဇာတ်အိမ်လေးကတော့ ficခေါင်းစဥ်အတိုင်းပါဘဲ... မာနတွေဘယ်လောက်အထိ လွန်ကြမလည်းဆိုတာ......💙