~မာနလွန်...မိုး.~
အပိုင်း{၁၂}
"ဟဲ့...အဲ့တစ်ယောက်လေ...သူ့အခုကလေးက
သူအလိုမတူဘဲ ကောင်မလေးတစ်ယောက်ကို ပြုကျင့်လို့ရတဲ့ကလေးတဲ့.....မြင်လား...မြင်လား"သမီးလေးကို နို့ဗူးတိုက်ဖို့အတွက် အရိပ်ရသည့်နေရာကို
ရှာနေရင်း သူ့ကို ကြည့်ကာ
တီးတိုးပြောဆိုနေသည့်ကောင်မလေးနှစ်ယောက်...
ပြောနေသည့်သူက မကြားလောက်ဘူးဟုထင်ပြီး
ပြောနေကြပေမယ့် ကိုယ်ကအလုံးစုံကို သဲ့သဲ့ကြား
သိနေရတယ်လေ.....သူကျောင်းစတက်တဲ့ရက်ကတည်းက အခုအချိန်အထိ
ထိုသို့ကြုံရတာတွေကမနည်းမနှောပါ.......
ရိုက်ပါများတော့ ထုံနေပြီဆိုသကဲ့သို့ သူလည်းဘဲ
အပြောခံရပါများတော့ ထိုစကားသံတွေအား
လျစ်လျူရှုတတ်ခဲ့လေပြီ.......သူတို့ပြောတာတွေကလည်း မမှားပါဘူး..... သူကတကယ့်ကို
အဲ့လိုလူဘဲမဟုတ်လား.......သမီးလေးအတွက် ပစ္စည်းတွေစုံလင်စွာထည့်ထားသည့်
ခြင်းအား ကားပေါ်မှယူလာကာ အရိပ်အောက်ကခုံတန်းလျားတွင် တင်ထားလိုက်သည်။ ထို့နောက် နို့မှုန့်ဗူးရယ်
ကျိုချက်ထားပြီးသောရေရယ်ကို အတူထည့်ကာ နို့ဗူးအား
လှုပ်ရမ်းလိုက်ပြီး ......."ဟဲ့... အဲ့ဒီလူကလေ.....အဲ့လိုတကယ်လုပ်ခဲ့တာလား"
သူ့ကို ရှေ့တည့်တည့်မှာထားပြီး အတင်းပြောနေကြသော
နှစ်ယောက်"ဟုတ်ပါတယ်ဆို.... နင်ကလည်း..... "
"ဒါဆို....အဲ့ဒီကောင်မလေးက ဘယ်ကတဲ့လည်း..."
"အဲ့ဒါတော့သေချာမသိဘူး....ကောင်မလေးက ဆင်းရဲတယ်တဲ့.."
"ဟယ်...မိုက်ရိုင်းလိုက်တာဟယ်....သူ့ရုပ်ကလေးကြည့်တော့
သန့်ရယ်ပြန့်ရယ်လေးနဲ့ကို....လုပ်ရက်က
ရွံစရာကောင်းလိုက်တာ.."."အဲ့ဒါပြောတာပေါ့.... ဝါဝါမြင်တိုင်း ရွှေမထင်နဲ့ဆိုတာ...."
"သူကသူဋေးသားဆို.....သူ့အဖေက
ရုပ်ရှင်မင်းသားဟောင်းဆို.တအားချောတာတဲ့...""အေးလေ...သူနဲ့တူတယ်....သူ့ဇာတ်ကားတွေဆို
ငါ့အမေတို့ကတော့ အသည်းစွဲဘဲ....သူ့အဖေက
သူ့လိုမဟုတ်ဘူးဟ... သူ့မိန်းမကို တုန်နေအောင် ချစ်တာတဲ့"
YOU ARE READING
~မာနလွန်.....မိုး~
Romanceသံယောဇဉ်ficလေးကို ဖတ်ဖူးတဲ့သူဆိုရင် သိပါတယ်နော်....ဒါလေးကအဆက်လေးလို့တောင် ပြောလို့ရပါတယ်ရှင့်...💓 ကိုကို့သားအာလူးနဲ့တိတိတို့ရဲ့ ဇာတ်လမ်းလေးပါ..... ဇာတ်အိမ်လေးကတော့ ficခေါင်းစဥ်အတိုင်းပါဘဲ... မာနတွေဘယ်လောက်အထိ လွန်ကြမလည်းဆိုတာ......💙