~မာနလွန်...မိုး~
အပိုင်း{၂၁}
သူမကလည်း သမီးဘေးကနေ တသိမ့်သိမ့်ရှိုက်ငိုရင်း
ညတာရှည်သွားရသလို.....သူလည်းဘဲ ဝရန်တာမှာစီးကရက်ထိုင်ဖွာရင်း တစ်ညတာကိုကုန်ဆုံးသွားမိသည်။
မနက်မိုးလင်းတော့ မနေ့ညကဘာမှမဖြစ်ထားကြသလို ဟန်ဆောင်ကြရပြန်သည်။ သမီးလေးကသိပ်အကဲခတ်တတ်လွန်းတာမို့လား....
တော်ကြာနှစ်ယောက်ထဲမှ တစ်ယောက်မျက်နှာပျက်နေတာ
တွေ့ခဲ့ရင် သက်သက်မဲ့သမီးလေးပါ စိတ်ညစ်နေရပေဦးမည်။မနက်၈နာရီက သမီးအိပ်ရာထသည့်အချိန်မို့ ၈နာရီမထိုးခင် ဝရန်တာကနေထွက်ပြီး သားအမိနှစ်ယောက်၏ဘေးတစ်ဖက်တွင်ပြန်ပြီးလဲလျောင်းလိုက်ရသည်။
သူမကလည်း အလိုက်တသိဖြင့် သူ့ကိုယ်လုံးရော သမီးကိုပါ
နံရံဘက်သို့တိုးလိုက်လေ၏။ သူ့အတွက်နေရာရှိအောင်ပေါ့...သားအဖနှစ်ယောက်သာ အိပ်သည့်ကုတင်မို့ သုံးယောက်ဆိုတော့ကြပ်ချင်သည်။ထို့ကြောင့် သူမနှင့်သူက မျက်နှာချင်းဆိုင် အနေအထား အလယ်တွင်သမီးလေးရှိလျက်ဖြင့်.......
မျက်လုံးလေးတွေဟာ အလွန်အကျွံငိုထား၍လားမသိ..
.နည်းနည်းလေးမို့ပြီး မျက်ထောင့်လေးတွေနီနေသည်။
သေချာမကြည့်ရင်တော့မသိပေမယ့် သူမနှင့်ပတ်သတ်ရင်
သူက အကဲဆတ်တတ်တယ်မို့လား......အသေးစိတ်ကအစ လိုက်၍ကြည့်နေမိ၏။.သူ့အကြည့်တွေကိုရှောင်နေပေမယ့် သူဒီလိုလေး
ကြည့်နေရတာမျိုးကို သိပ်ကျေနပ်ပါသည်။ နောင်လာမည့်
မနက်ခင်းတိုင်းမှာ သူမမျက်နှာလေးကို ကြည့်ခွင့်ရပြီး
နိုးထလို့ရရင် သိပ်ကောင်းမှာဘဲ......."အွင်းးးးးး"
ဟော..... မိုးပကတိပေါက်စလေးက သူ့အချိန်ကျသည်ဆိုတာနှင့် နှိုးစရာမလိုဘဲ နိုးလာပါပြီ။ နှစ်ယောက်စလုံးနိုးနေလျှင်
သမီးမယုံမှာစိုး၍ အဖေဖြစ်သည့်သူကဘဲ
ဟန်ဆောင်ကောင်းကောင်းဖြင့် အိပ်ချင်ယောင်ဆောင်
ပစ်လိုက်ရသည်။
YOU ARE READING
~မာနလွန်.....မိုး~
Romanceသံယောဇဉ်ficလေးကို ဖတ်ဖူးတဲ့သူဆိုရင် သိပါတယ်နော်....ဒါလေးကအဆက်လေးလို့တောင် ပြောလို့ရပါတယ်ရှင့်...💓 ကိုကို့သားအာလူးနဲ့တိတိတို့ရဲ့ ဇာတ်လမ်းလေးပါ..... ဇာတ်အိမ်လေးကတော့ ficခေါင်းစဥ်အတိုင်းပါဘဲ... မာနတွေဘယ်လောက်အထိ လွန်ကြမလည်းဆိုတာ......💙