Part-7

1.4K 75 5
                                    

~မာနလွန်...မိုး~

အပိုင်း{၇}

""ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ"" ဆိုသကဲ့သို့ ကံကြမ္မာက မျက်နှာမပေးသည့် တိတိအတွက် လေပြင်းမုန်တိုင်းလို
ဖြစ်ရပ်ဆိုးတစ်ခုက ရုတ်တရက် ကျရောက်လို့လာလေသည်။

ထိုသည်ကတော့ အ​မေမပီသခဲ့သည့် တိတိအမေဆိုသောသူနှင့် သူ့၏နောက်တော်ပါယောကျ်ားသည် တိတိကိုယ်ဝန်ကိစ္စကို
သိသွားပြီး ရောက်ချလာခြင်းဖြစ်၏။

တိတိကိစ္စကို ဒီအိမ်ကအလုပ်သမားတစ်ယောက်ယောက်က
ဘယ်နေရာမှာ ဘယ်လိုအာချောင်ခဲ့လည်းဆိုတာ
သေချာမသိသော်လည်း ထိုပယောဂကြောင့်သာ ဖြစ်မည်ဟုထင်သည်။

မမနှင်းထံကနေတော့ တိတိကိစ္စက ပေါက်ကြားစရာ
အကြောင်းမရှိပေ။မမနှင်းသည် တိတိသိက္ခာအားချနင်းမည့်
သူတွေထဲတွင် မပါဝင်ပါ။



အမေတို့က စံပြစျေးထဲမှာ ကုန်စုံရောင်းနေတာ...ပြီးတော့
ဒီအိမ်က စျေးဝယ်တာဝန်အမြဲကျသည့် မော်မော်ဆိုသော အမျိုးသမီးကလည်း အဲ့ဒီစျေးကို စျေးသွားဝယ်နေတာဖြစ်၏။
သိချင်းသိ ထိုမိန်းမဆီကနေသာလျှင် သိတာနေမည်။


တိတိဆိုသောနာမည်နှင့် အမေ့ဆိုင်နား
အတင်းအဖျင်းပြောလို့သာ သိသွားကြတာဖြစ်လောက်၏။

အခုတော့ တိတိကိုလာရှာသလိုလိုနှင့် ဒီအိမ်ကိုပြဿနာလာရှာတာဆိုလျှင် ပို၍မှန်ပေမည်။

"ငါ့မှာတော့ ညည်းကို ငါ့သားလေးတွေအတွက် စိတ်ချရတဲ့သမီးကောင်းလို့ထင်ထားတာ....လတ်စသတ်တော့ ညည်းကသူများခြေတော်တင်ခံပြီး သူများအိမ်မှာ ကျွန်လိုလာနေနေတာပေါ့ဟုတ်လား"


"အဲ့ဒါတိတိကိစ္စပါ အမေ့အပူမပါပါဘူး"


"ဘာ.....ညည်း.....​"


ဖြန်း...........အမေက သူပြောသမျှကို ငြိမ်ခံစေချင်ပေမယ့် တိတိကပြန်ပြောသည့်အခါ သူ့ဒေါသအပြည့်ဖြင့်
တိတိပါးကိုလွှဲရိုက်လေသည်။

နီရဲသွားသည့်ပါးပြင်တစ်ဖက်ပေါ်တွင်
တိတိမျက်ရည်စက်များသည် အတားအဆီးမရှိ
လျှံကျလို့လာလေ၏။


~မာနလွန်.....မိုး~Where stories live. Discover now