~မာနလွန်...မိုး~
အပိုင်း{၁၈}
အသံစုံဟစ်အော်၍ အုပ်စုဖွဲ့လိုက်ရှာနေသော်လည်း မတွေ့ပါ။တစ်ဖက်ကမကြားတာကြောင့်လား..... သူမ ပျောက်သွားသည့်နေရာဆိုပေမယ့် လက်စခြေစတောင် ရှိမနေပါ။
အခုလိုအဖွဲ့လိုက်ကြီး ရှာနေလို့ကတော့ မဖြစ်တော့ပေ။
ထို့ကြောင့်......
"ခရစ်....ကျွန်တော်တို့ နှစ်ယောက်တစ်တွဲဖြစ်ဖြစ် နေရာခွဲပြီး
ရှာမှထင်တယ်""အင်း...ကောင်းတယ်.... ဒါဆို ခင်ဗျားနဲ့ကျွန်တော်နဲ့
ကျန်တဲ့သူတွေလည်း နှစ်ယောက်တစ်တွဲ ရှာခိုင်းလိုက်မယ်""ဟုတ်ပြီ.... အဲ့လိုဘဲလုပ်ရအောင်......"
သူ့ဆုံးဖြတ်ချက်အတိုင်း ကျန်တဲ့သူများကလည်း
သဘောတူကြသည်။အဲ့ဒါကြောင့်ဘဲ သူတို့အဖွဲ့နှစ်ယောက်တစ်တွဲဖြင့် သူမအားရရှာရန်အတွက် ပြင်ဆင်လိုက်ကြသည်။
တောထဲမှာ နာမည်ခေါ်မရဘူးဆိုသည့်အယူကို သူတော့
သိပ်သဘောမကျပါ....နာမည်မခေါ်ဘဲသာရှာရလျှင်
ဘယ်လိုလုပ်တွေ့မှာတဲ့လား.....
ဒါ့ကြောင့် သူမဟန်ဆောင်နာမည်ဖြစ်သည့် ရိန်းကတ်သလင်းကိုသာခေါ်ပြီး ရှာခဲ့၏။
"ခင်ဗျားတို့ရဲ့ပတ်သတ်မှုကို ကျွန်တော်သိထားပြီးသားပါ....
တိတိလို့ခေါ်ပြီးရှာနိုင်ပါတယ်"
သူအံ့သြစွာနှင့်ဘဲ ခရစ်ကို နောက်ပြန်လှည့်ကြည့်လိုက်မိသည်။ဘာကိုဆိုလိုတာလည်း....သူတို့နှစ်ယောက်ရဲ့ပတ်သတ်မှုဆိုတော့
အရာအားလုံးကို ပြောတာလား....သူတို့နှစ်ယောက်
စတွေစကတည်းက ဖြစ်ခဲ့သမျှတွေအကုန်လား......"ခင်ဗျားပြောတာကို ကျွန်တော်နားမလည်ဘူး ခရစ်...."
"ခင်ဗျားတို့က တရားဝင်လက်ထပ်ပြီးမှ ကွာရှင်းခဲ့ကြတာရော.. သမီးလေးတစ်ယောက်ရှိနေတာရော...ကျွန်တော်
အကုန်သိပြီးသားပါ....""ဗျာ...."
သူ့ကို တိတိကဘဲ ဒီအကြောင်းတွေပြောပြခဲ့တာများလား...သူ့ကိုမသိလောက်ဘူးဟု ထင်ခဲ့မိသည်။
YOU ARE READING
~မာနလွန်.....မိုး~
Romanceသံယောဇဉ်ficလေးကို ဖတ်ဖူးတဲ့သူဆိုရင် သိပါတယ်နော်....ဒါလေးကအဆက်လေးလို့တောင် ပြောလို့ရပါတယ်ရှင့်...💓 ကိုကို့သားအာလူးနဲ့တိတိတို့ရဲ့ ဇာတ်လမ်းလေးပါ..... ဇာတ်အိမ်လေးကတော့ ficခေါင်းစဥ်အတိုင်းပါဘဲ... မာနတွေဘယ်လောက်အထိ လွန်ကြမလည်းဆိုတာ......💙