~မာနလွန်....မိုး~
အပိုင်း{၁၀}
ထိုနေ့က လိုက်သွားခဲ့သော်လည်း သူမကိုပြန်ခေါ်ဖို့
နောက်ကျသွားခဲ့ပြီဖြစ်၏။တစ်ခါမျှမကျဖူးသော မျက်ရည်တွေသည်လည်း ထိုနေ့က အတိုင်းအဆမဲ့စွာ ကျခဲ့ရ၏။
မထားသင့်သောမာနတွေကို ကိုယ်စီထားခဲ့ပြီးကာမှ
နောင်မှရသည့်နောင်တတွေဖြင့်သာ ကွဲကွာခဲ့ကြရတော့သည်။ပြန်လာနိုး ပြန်လာနိုးဖြင့် စောင့်မျှော်နေခဲ့သော်လည်း ဝေးရာသို့ထွက်သွားခဲ့သည့်သူမကတော့ သမီးလေးအသက်၁၂နှစ်ရှိသည့်တိုင် ပေါ်မလာခဲ့တော့ပါ......။
သို့ပေမယ့် သူမကိုယ်ပွားလေးဖြစ်သည့် သမီးလေးကို
ဂရုတစိုက်ဖြင့် ပြုစုပျိုးထောင်ရင်းဖြင့် အချိန်တွေအား
ကျော်ဖြတ်ခဲ့ပါတော့သည်။"ဖေဖေ.....ဖေဖေ....ပြန်လာပြီလား....."
ဆံပင်ရှည်လေးတွေအား နှစ်ဖက်ခွဲစီးထားပြီး
ဂါဝန်ပန်းရောင်ကလေးကို ဝတ်ကာ ခြံရှေံပြေးထွက်ပြီး
သူ့ကိုလာကြိုသည့် ချစ်စရာသမီးလေး...."ချေချေလေး ဖြေးဖြေးလာ မီးမီး....."
"အ...."
သတိပေးနေရင်းကြားထဲကနေပင် သမီးလေးမှာ ဖြတ်ခနဲ
လဲလေသည်။သူလည်း အမြန်ပြေးကာ သမီးလေးကို ထူပြီးပွေ့ရသည်။
ဒူးလေးပွန်းသွား၍ သမီးလေးမှာ မျက်ရည်တွေဝဲနေလျက်ပင် ..မိခင်နို့ကောင်းကောင်းမစို့ခဲ့ရသည့် သမီးလေးဟာ ဘယ်လိုအာဟာရတွေကျွေးကျွေး အရိုးအဆစ်လေးတွေသည်
သန်မာမလာခဲ့ပါ။ ဒီကြားထဲ သူ့အမေဗိုက်ထဲကနေ စောပြီး
ထွက်လာတာကြောင့် တချို့ကလေးတွေထက်
ခန္ဓာကိုယ်ဖွံ့ဖြိုးမှုလည်း ပိုအားနည်းလေ၏။တစ်ခုခုဆိုရင် မကြာခဏထိမိခိုက်မိပြီး အနာတရ
ရတတ်သေးသည်။ဒါကြောင့် သူဆေးရုံမှာအလုပ်ဆင်းချိန်ဆို ကလေးထိန်းနှစ်ယောက်နှင့် ထားပေးခဲ့ရ၏။
အိမ်ကမားမားတို့ကလည်း အိမ်ထောင့်တာဝန်ကိစ္စတွေနဲ့မို့
သမီးလေးကို အရိပ်တကြည့်ကြည့်လိုက်ကြည့်နေဖို့
မအားလပ်ကြပါ။
YOU ARE READING
~မာနလွန်.....မိုး~
Romanceသံယောဇဉ်ficလေးကို ဖတ်ဖူးတဲ့သူဆိုရင် သိပါတယ်နော်....ဒါလေးကအဆက်လေးလို့တောင် ပြောလို့ရပါတယ်ရှင့်...💓 ကိုကို့သားအာလူးနဲ့တိတိတို့ရဲ့ ဇာတ်လမ်းလေးပါ..... ဇာတ်အိမ်လေးကတော့ ficခေါင်းစဥ်အတိုင်းပါဘဲ... မာနတွေဘယ်လောက်အထိ လွန်ကြမလည်းဆိုတာ......💙