Part1

1.6K 49 0
                                    

ပင်လယ်ရေမျက်နှာပြင်အထက်ပေ3000ကျော်လောက်မြင့်မားရုံတင်မကဘဲ စိမ်းလန်းအုံ့ဆိုင်းပြီး အရိပ်အာဝါသကောင်းကောင်းပေနိုင်စွမ်းရှိတဲ့ ချင်းမိုင်ကရွာလေးတစ်ရွာရဲ့ရာသီဥတုဟာ အေးစိမ့်စိမ့်နဲ့မို့ နေချင်စဖွယ်ကောင်းတဲ့ခံစားချက်ကိုအပြည့်အဝပေးနိုင်တယ်။ ဒီလိုရွာလေးတစ်ရွာမှာနေတဲ့ ကျတော့်လို လူတစ်ယောက်အတွက်ကတော့ ဘန်ကောက်ဆိုတဲ့မြို့ပြလူနေထူထပ်လှတဲ့နေရာတစ်နေရာမှာသွားရောက်နေထိုင်နိုင်ဖို့ပြီးတော့အိပ်မက်တွေကိုအကောင်းအထည်ဖော်နိုင်ဖို့ဆိုတာက စိန်ခေါ်မှုတစ်ရပ်လိုပါပဲ။

"ကိုကိုရေ... ကိုကို လျှောက်ထားတဲ့uniက acceptance letter ရတယ်ဗျ"

ပြေးလာရတာမို့ ချွေးအလိပ်လိပ်နဲ့ ပြတ်တောင်း"ကြားရတဲ့ညီဖြစ်သူရဲ့အသံဆိုပေမယ့် ဖူဝင်းနားထဲတော့ ပဲ့တင်သံလို အထပ်ထပ်နဲ့ ပြတ်သားစွာ ကြားနေရလေရဲ့....

"Gemရယ် ကိုကို့ကိုပြန်ပြောပါဦး။ ကိုကိုနားကြားမှားတာတော့မဟုတ်ဘူးမလားဟင်"

မျက်ရည်တွေအပြည့်နဲ့မေးလာတဲ့ကိုကိုက တကယ်ကိုသူ့မျက်လုံးထဲမှာဝမ်းသာကြည်နူးမှုတွေဖြတ်သန်းနေတာကို ဂျမ်မီနိုင်း ကောင်းကောင်းသဘောပေါက်မိ‌တာပေါ့။သူ့ကိုကို ဒီလိုဖြစ်လာဖို့ဘယ်လောက်တောင်မျှော်လင့်ထားလဲ။သာမာန်လူတစ်ဦးအတွက် ဒီစကားကသာမာန်ဆိုပေမယ့် ကိုကို့အတွက်ကတော့ သာမာန်ထက်ပို၍ထူးခြားလှတယ်မလား။ အရင်ကပိုက်ဆံအများကြီးပေးပြီး အောင်ချက်လည်းသိသိသာသာကောင်းတဲ့ကျောင်းမှာနေဖို့က အဆင်ပြေပေမယ့်ကိုကိုအထက်တန်းနှစ်မှာ  အိမ်ရဲ့စီးပွားရေးမပြေလည်မှုကြောင့် အားလုံးကိုငှဲ့တဲ့ ကိုကိုက ကျောင်းဆက်မတက်တော့ဘဲ GEDဘက်ကိုရွေးပြီး မယ့်တို့ဖော့တို့ဆီက ပိုက်ဆံတစ်ပြားမှ လက်ဖြန့်မတောင်းဘဲ ကိုယ်တိုင်သာ လေ့ကျင့်လို့ စာတစ်ဖက် မေမေ့ဆိုင်တစ်ဖက်ကူရင်း သူ့ဘဝကိုသူတိုးတက်အောင်လုပ်ခဲ့တယ်။ ဒါ့အပြင်ဘန်ကောက်ကတက္ကသိုလ်မှာ full scholarship နဲ့တက်ရဖို့လုပ်ခဲ့တာကလည်း မိဘတွေကိုငှဲ့တွက်တတ်လွန်းတဲ့ကိုကို့အတွက်ဒီစကားလေးက တကယ်ကို အဓိပ္ပာယ်တွေ မျှော်လင့်ချက်ရောင်ခြည်တွေနဲ့ပြည့်နှက်နေတာပေါ့။ကိုကိုနားကြားမမှားဘူးဆိုတာကို ပြန်ပြောတဲ့အနေနဲ့ ဂျမ်ကခေါင်းလေငြိမ့်လို့
"ကိုကိုတကယ်‌ uniတက်ရတော့မှာပါ။ အခုကျတော် ကျောင်းကပြန်ရင်း ဒီစာကို စာပို့ဦးလေးကကျတော့်ကိုမြင်လို့တစ်ခါတည်းပေးလိုက်တာ။ကျတော် မယ့်ကိုလည်း ညဈေးတန်းသွားပြောပြခဲ့တယ်။"
"မယ့်ကဘာတဲ့လဲဟင်ဂျမ် ဘာပြောလိုက်လဲ''
"ဘာပြောကောင်းမလဲကိုကိုရဲ့ ဒီအကြောင်းလည်းသိကောမုန့်ဈေးတန်းတစ်ခုလုံးကိုကိုuniတက်ရတဲ့အကြောင်းစက္ကန့်ပိုင်းအတွင်းနှံ့သွားတာပေါ့ဗျ၊ရော့ကိုကို ဒါက acceptance letter ကိုကိုဖောက်ဖက်ကြည့်"

The way he behaves🤍Where stories live. Discover now