"သားဟိုရောက်ရင် လိမ်လိမ်မာမာနေနော်။ သူငယ်ချင်းတွေနဲ့လည်းတည့်အောင်ပေါင်း။ပြီးတော့စားချိန်အိပ်ချိန်မှန်ပါစေနော်"
မနက်မိုးလင်း ထမင်းစားပါပြီဆိုကတည်းကမှာလိုက်တာ အခု လာကြိုတဲ့ကားရောက်သည်အထိ သတိရတိုင်း မှာနေတဲ့မယ့်ကြောင့် ဖူးဝင်းမှာပြုံးနေပေမယ့် ဖော့နဲ့ဂျမ်ကတော့ မယ့်ရဲ့ မှာတမ်းချွေပြောစကားကိုကြားနေရတာက သံပုရာသီးစိတ်ကိုပါးစပ်မှာကိုက်ထားရတဲ့ မျက်နှာထား၊ မျက်နှာအမူအရာမျိုးတွေနဲ့ ရှုံ့တွနေလေရဲ့။ ဒါကိုသိတဲ့ ဖူဝင်းကပဲ မယ့်ကို
"မယ့်ရယ် ကျတော်မယ့်မှာတာတွေကိုမမေ့ပါဘူး။မယ့်ပြောတဲ့အတိုင်းကျတော်တသွေမတိမ်းလုပ်မယ်ဆိုတာကိုမယ့်ကယုံတယ်မလားဟင်။"
"ဟုတ်ပါပြီရှင်။ ကဲဒါဆိုကားဆရာ အော် ဘာလို့ရပ်ကြည့်နေသလဲ သွားလို့ရပြီ။အော်ကားဆရာကြီးကျမသားလေးကိုလေ ကျောင်းရောက်တဲ့အထိသေချာလေးပို့ပေးပါရှင်။"
ကားဆရာကလည်း ဒီရွာကမို့မားမားရဲ့စကားကို တပြုံးပြုံးနဲ့ ခေါင်းငြိမ့်ရှာပါတယ်။
သွားနေတဲ့လမ်းတစ်လျှောက်မှာတော့ ဖူဝင်းက ကားပြတင်းပေါက်ကနေ ဝင်လာတဲ့ အေးမြလန်းဆန်းတဲ့လေကိုတဝကြီးရှုလိုက်တယ်။ပြီးတော့ လမ်းတစ်လျှောက်မှာ မြင်ရတဲ့ရှုခင်းမှန်သမျှကိုမလွတ်တမ်းကြည့်နေတော့တယ်။ ဒါကလည်း ဖူဝင်းရဲ့အကျင့်လိုဖြစ်နေတဲ့အရာတစ်ခုပေါ့။ သူ ခြောက်တန်းအရွယ်တုန်းက ဆရာမရဲ့စကားဖြစ်တဲ့ "ဆရာမက ခရီးတစ်နေရာရာကိုသွားရင် မအိပ်ဘူး။ ဘာကြောင့်ဆို ဆရာမတို့ တစ်နေရာကတစ်နေရာကိုသွားရင် ဆရာမတို့အတွက် မျက်တမ်းမြင်နေကျမဟုတ်တဲ့စိမ်းတဲ့မမြင်ဖူးတဲ့ သဘာဝရှုခင်းတွေကိုလက်လွတ်မခံချင်လို့တဲ့။" ဒီစကားလေးကို ပထမကလေးအရွယ်မှာ ဆရာမပြောတဲ့စကားကိုတန်ဖိုးထားလေးစားလို့ဆိုတဲ့စိတ်ကလေးနဲ့ ဖော့မယ့်တို့နဲ့ ခရီးထွက်တိုင်း စဉ်းနေတဲ့မျက်ခွံလေးတို့ကို လျစ်လျူရှုရင်းကနေဒီအကျင့်လေးရလာခဲ့တာ။ တကယ်တော့ဒီအကျင့်လေးက တကယ့်ကိုမှ အသုံးဝင်တာ တစ်နေရာကနေရာကိုသွားတဲ့အခါ အိပ်နေသူတစ်ယောက်အဖို့ ခရီးသွားနေတယ်ဆိုတဲ့vibeမျိုးရမှာမဟုတ်သလို ပျင်းရိရိဖြစ်စေတတ်တယ်။ သူ့အတွက်တော့အရာရာက အထူးအဆန်းလို လှပတဲ့ တောတောင်ရေမြေကိုကြည့်ရှုရတာကလည်း သူ့ကိုပျော်ရွှင်မှုအပြည့် ပေးစေတာအမှန်ပါပဲ။