"မောင်ထတော့ ငါတို့နောက်ကျလိမ့်မယ်၊ မနက်အတန်းရှိတာသိသိရက်နဲ့"
"ခဏလေးပါ အသက်ရာ"
"ဘာကိုခဏလဲ အမြဲအဲ့လို snooze လုပ်လုပ်နေတာ၊မင်းမထရင်ငါတကယ်သွားတော့မှာ၊ မစောင့်တော့ဘူး"
"ထပြီကွာ ထပြီ၊ တကယ် တကယ်ဖူဝင်းဆိုတာကလေ အခုနောက်ပိုင်းကျ မိန်းမကြီးလိုပဲ ပွစိပွစိ အ အ မပြောတော့ဘူး သွားပြီနော်သွားပြီ"
အပြောထက်လက်ကမြန်တဲ့ဖူဝင်းက ပွန့်ရဲ့စကားကို ဆုံးအောင်ထိ အပြောမခံဘဲ ဗိုက်ခေါက်အားလိမ်ဆွဲပစ်လေတယ်။
"အေး အဲ့လိုပွစိပွစိဖြစ်အောင် ခဗျားကစတာမလား"
"ဟာလေသံတွေတောင်ပြောင်းကုန်ပြီ မောင့်အသက်ကလည်း ကိုယ်ကစနေတာကို သိသိရက်နဲ့ မွ"
အဲ့တာပဲ ပြောချင်ရာပြောပြီး ဒီလူက ဒေါသသံစွတ်ပြောရင် သူဘာမှမလုပ်ထားတဲ့ ရုပ်ကလေးသနားကမားနဲ့ လူကို အချိုတွေပြောပြီးထွက်သွား၊ အဲ့တာမောင့်အကျင့်ကြီးလေ။
ကြည့်ထား ရေချိုးခန်းထဲကျလည်း ဘာလုပ်မှန်းမသိ တအားက ကြာဦးမှာ ရေချိုးပြီးရင်လည်း သူ့ခေါင်းသုတ်ပေးရတာ၊ အင်္ကျီကြယ်သီးတပ်တာကအစ မနေနိုင်တဲ့ဖူဝင်းဆိုတဲ့ကျတော်ကပဲ လုပ်ရဦးမယ်။
dryerနဲ့မှုတ်ဆိုပြီး ပြောရင် "မောင်က dryer အသံကြီးကိုမကြိုက်ဘူး။ပြီး အသက်သုတ်ပေးတာလောက်လည်းမပြောင်းဘူး"ဆိုတာက လာဦးမယ်။အရင် ရည်စားမဖြစ်ခင်က ရေချိုးပြီးရင်အမြဲ dryer မှုတ်နေတဲ့လူက နေ့ချင်းညချင်းကြီး ကောက်ကာငင်ကာလုံးဝမကြိုက်သွားတာကြီးကျ မဟုတ်သေးဘူးမလား။
_________________
Pond's side
ရေချိုးဖို့အင်္ကျီကို ချွတ်ရင်း နီနေတဲ့ ဗိုက်လေးကိုကြည့်ရင်း မနာသည့်အလား ပွန်ကပြုံးနေလေတယ်။ ကျတော် uniတက်တာ ဒုတိယနှစ်ရောက်ပြီ။ အသက်နဲ့ချစ်သူဖြစ်တာလည်း တစ်နှစ်ကျော်ပြီပေါ့။ ကျတော်နဲ့အသက်က တခါတခါ အဆောင်မှာနေသလို တခါတလေကျလည်း ကျတော့်တိုက်ခန်းမှာနေတယ်။မေမေနဲ့တူတူနေခဲ့တဲ့ အခန်းလေးမှာပေါ့။