"တီ-တီ-တီ-တီ-တီ"
ကုတင်ဘေးနားမှာတင်ထားတဲ့ စားပွဲတင်ခုံလေးပေါ်က သူ့ရဲ့ဖုန်းဆီမှ alarmသံထွက်လာတာမို့ မျက်စိမှိတ်လျက်ဖြင့် ဖုန်းရှိနိုင်မယ့်နေရာဆီသို့ လက်ကိုဆန့်တန်း၍ ဖုန်းအားယူကာ alarm အားပိတ်လိုက်မိသည်။ ဟူးးး တော်ပါသေးရဲ့ သူ ညကသတိတရ နဲ့ alarm ပေးခဲ့မိလို့။ သူ့ရဲ့အမြဲ6နာရီထနေကျအကျင့်မပျက်အောင် အိပ်ချင်တဲ့စိတ်အားဖျောက်၍ထလိုက်မိတယ်။ အပေါ်ဖက် ကုတင်နဲ့ သူနဲ့ မျက်စောင်းထိုးကုတင်ကြည့်မိတော့ ဟိုသုံးကောင်က လှုပ်တောင်မလှုပ်၊ အိပ်မက်ကမ္ဘာထဲကနေမထွက်သေး။ ဖူဝင်းလည်း သူ့ခေါင်းအား မနိုင်ဘူး ဆိုသည့်သဘောနဲ့ တချက်ခါ၍ ရေချိုးခန်းထဲသို့သာဝင်ခဲ့လိုက်တယ်။ သူဒီလောက်ထိန်း၍ အနည်းငယ်ပင်သောက်တာတောင် ခေါင်းကနောက်ကျိကျိဖြစ်နေတာ။တကယ်ပါ တကယ်ပါ သူနဲ့ alcohol ဆိုတာ သရဲနဲ့ပရိတ်ရေလို ပြဒါးတစ်လမ်း သံတစ်လမ်း။ သူတောင်မှ ခုလိုခေါင်းနောက်ကျိနေရင် အများကြီးသောက်ထားမိတဲ့ ဟိုဒန့်နဲ့ပွန်ဆိုဘယ်လိုနေပါ့။ ခေါင်းနောက်ကျိနေတာ သက်သာလို့သက်သာညားဆိုတဲ့အတွေးနဲ့ သူရေအေးနဲ့ချိုးလိုက်တယ်။ တကယ်လည်းသက်သာပါတယ်ပြီးတော့ လန်းလည်းလန်းသွားတယ်။ အားလုံးပြီးလို့ အဝတ်အစားတွေဝတ်ပြီးနောက် မှန်ပေါ်မှာမြင်နေရတဲ့ သူမျက်နှာသူကြည့်ရင် ဘယ်ကနေဘယ်လိုဖြစ်ပြီး သူ့ရဲ့ခေါင်းထဲ မနေ့ညကပွန့်မျက်နှာကို သွားမြင်မိတော့သူ့မှာပြုံးရသေး။ အောင်းဝ် ထမ်မိုင်ပင်းဘတ်နီးရာ့(တကယ်ပါပဲ သူဘာဖြစ်နေတာလဲ)။ အတွေးတွေကိုဖြတ်၍ သူ အိပ်ခန်းထဲကိုသွာဖို့ တံခါးဖွင့်တယ်။ ခုထိဆရာသမားသုံးယောက်ကတော့ အိပ်ကောင်းတုန်း။ ခုချိန်မှမထရင် မနက်ခင်းသုံးယောက်လုံးကအတန်းရှိနေတာမို့ ကန်တင်းသွားပြီး ထမင်းစားမဲ့အချိန်ရယ်ဆို မမှီနိုင်တာမို့ စိုနေတဲ့ခေါင်းအား တဘက်နဲ့တစ်ချက်သုတ်ကာ ဖူဝင်းက အပေါ်ကုတင်မှာအိပ်နေတဲ့သူတွေဆီတကူးတကလှေကားတက်မသွားချင်လို့ အောက်ကုတင်က ပွန်ကုတင်ပေါ်ထိုင်၍"ဂျွန် ပွန် ဒန့် ထကြတော့လေ အချိန်မစောတော့ဘူး"
သူ့အသံကဒီသုံးယောက်အတွက် ဘာမှသက်ရောက်မှုမရှိသည့်အလား လှုပ်တောင်မလှုပ်ကြ။ အောင်းဝ် ပုံမှန်ဆို သူ့ရဲ့ဒီလေသံနှုန်းနဲ့ ဂျမ်ကိုနှိုးနေကြ။ သူဒီအသံနဲ့နှိုးတိုင်း ဂျမ်က "ကိုကိုရာ မင်းအသံကလည်း စူးချက်။ ငါ့မက်တဲ့အိပ်မက်လေးတောင် မင်းကြောင့် ပျက်စီးသွားပြီ"ဆိုပြီး စူပုတ်ပုတ်ပြောနေကြ။ အခုဒီအသံက သူတို့သုံးယောက်အတွက် ဘာဆိုဘာမှမဖြစ်တာမို့ တကယ် အံ့ဩမိတာအမှန်ပဲ။ မတတ်နိုင်ဘူး သူခုလိုမှမနိုးရင် မနက်စာငတ်မဲ့အဖြစ်မို့ နောက်ဆုံးသူနဲ့နီးတဲ့ပွန့်ကိုသာ အရင်နှိုးဖို့ဆုံးဖြတ်လိုက်တယ်။