"မောင် ဒါမင်းနေရမယ့်အခန်း ငါနဲ့အတူတူအိပ်ရမှာရယ်၊ ဒါမဲ့တစ်ယောက်အိပ်ကုတင်ဆိုတော့မင်းကျပ်တယ်ဘာညာခံစားရရင် ငါ့ကိုပြောနော် ငါအောက်ဆင်းအိပ်ပေးမယ်။"
"ရပါတယ်မလိုပါဘူး မဟုတ်တောင်ကျုပ်ကမနက်ကျ ပြန်မှာပဲ၊ ကျုပ်အတွက် ဖူဝင်းက ဝန်ပိစရာမလိုပါဘူး။ ကျုပ်မရှိသလိုပဲ သဘောထားပေါ့"
မောင်က သူ့ကို လှည့်မကြည့်ဘဲ သူအိတ်ထဲက ပစ္စည်းတွေရှာရင်းပြောနေလေတယ်။ ကိုယ်က သူလာတာကိုမပျော်ဘဲနေပါ့မလား အိမ်ရောက်တဲ့အချိန်အတွင်း မယ့်ကြောင့် သူ့အတွေးတွေဘယ်လောက်ရှုပ်ခဲ့ရလဲ။ ရှုပ်တိုင်း မောင့်ရဲ့မျက်နှာလေးကိုမြင်ယောင်ပြီးအားတင်းခဲ့ရတာလေ။ ကျတော်လည်းမှားတာပါပဲ ဂျမ်တို့ မယ့်တို့အလစ် မောင်ဘာလာလုပ်တာလဲ ငါပြန်လာမှာပေါ့လို့ မေးမိလိုက်တာ ချက်ချင်းပဲ မောင့်မျက်နှာလေးညှိုးသွားတာ မြင်မိပါတယ်။ ခုလောလောဆယ်moodအရ ကိုယ့်ပါးစပ်ကိုသာကိုယ်ရိုက်ချင်မိတော့တယ်။ ကိုယ်က ခုလိုအချိန် မှာမလာစေချင်တာ အခုမှလက်ခံကာစမို့ မားစိတ်ရှုပ်တာဘာညာဖြစ်မှာစိုးတာကိုး။ ဟင်းးး ဒီမောင်တစ်ယောက်နဲ့ သိပ်ခက်တာပဲ။
"မောင် ငါစောနကပြောတာက မင်းကို ဒီမှာမနေစေချင်လို့မဟုတ်ရပါဘူးမောင်ရယ်၊ မောင်ရေချိုးချင်ကောပေါ့ ရေချိုးခန်းက ငါ့အခန်းထဲမှာပဲရှိတယ်၊ငါအောက်ထပ်မားနဲ့ ထမင်းပွဲသွားပြင်လိုက်ဦးမယ်နော်"
ဖူဝင်းက ခုလိုပြောပြီးထွက်သွားလေရဲ့။ ကျတော်အခုတခေါက် ဖူဝင်းကိုတကယ်တင်းတာ ဘယ်နှယ့် သူ့ဆီရောက်ဖို့ဆိုတာ ချင်းမိုင်လိုနေရာတောင် ဘန်ကောက်ကနေမောင်းရင် တော်တော်ပန်းနေပြီ။ အဲ့ဟာလေးနေတဲ့နေရာက နီးနီးနားနား မဟုတ်ဘူး။ လူမှာ အဲ့ရွာရောက်ဖို့ကို အကြာကြီးထိုင်စီးလာရတာ။ အဲကွန်းနဲ့ငြိမ့်ငြိမ့်စီးရတာ ကားမျိုးမှမဟုတ်ဘဲ ထော်လာဂျီကားက သံခုံပေါ်ထိုင်ရင်း လူကြုံလိုက်လာရတာ တလမ်းလုံး လမ်းကဆိုးလို့ သူ့ဖင်ညောင့်ရိုးတွေမှာ နာလို့ ထပ်မထိုင်ချင်တော့တဲ့အထိပဲ။ ဒါကို စိတ်ရှုပ်တဲ့မျက်နှာနဲ့လာမေးတာ သူမတင်းဘဲနေပါ့မလား။ နေပါစေဦး။ ဘန်ကောက်ရောက်မှ အဲ့ကလေးကို ဆုံးမပစ်မယ်။
________________