"ရော့ ဖူဝင်း"
"ကျေးဇူးနော်ပွန်"
"အင်းရတယ် မင်းdepression နဲ့ပက်သက်ပြီးပြောသွားတာသိပ်ကောင်းတာပဲ"
"ဟီးဟုတ်လားပွန် ကျေးဇူးပါဗျ"
ထိုစကားကို ဖူဝင်းက အရယ်တစ်ဝက်နဲ့ပြောလာလေတယ်။ ကျတော်မလိမ်ဘူး knowledge sharing အနေ့နဲ့ ကိုယ်သိတာလေးတွေကို အကုန်လုံးက sharingလုပ်ကြတယ်။
ဖူဝင်းပြောသွားတာတကယ်ကောင်းတယ်။ အွန်း ယုံကြည်ချက်ရှိရှိနဲ့ ပြောသွားတာ စကားလုံးတွေကလည်း တိကျရှင်းလင်းတယ်။ထပ်ပေါင်းပြောရရင်နဂိုကတည်းကပိုင်ဆိုင်ထာတဲ့ အသံချိုချိုလေးတွေကြောင့် သူ့မှာ ကြွေရပါတယ်။ အဟမ်း ကျတော့်ကို တခြားသူတွေကကောလို့လာမေးရင် ကျတော်သူတို့ပြောတာနားမထောင်မိပါဘူး။ သူတို့အပြောကို နားမထောင်ချင်လို့မဟုတ်ပေမယ့် ဖူဝင်းကိုကြည့်နေတာနဲ့ ကျတော့်မှာနားထောင်ဖို့မေ့သွားမိတာ။ ကျတော်ပြောပါတယ် ဖူဝင်းမှာ ကျတော့် attention အားလုံးကိုဆွဲယူနိုင်တဲ့ အစွမ်းတွေရှိပါတယ်လို့။
"မင်းပြောသွားတာလည်းအရမ်းမိုက်တာပဲ၊ငါမသိသေးတာတွေလည်းပါတယ်"
"အင်း ဒါနဲ့ မင်းက depression နဲ့ပက်သက်ပြီး သေချာလေးပြောပြနိုင်တယ်။"
"လိုပါသေးတယ် ပွန်ရယ် ခုလိုပြောနိုင်တာကလည်း uniမတက်ခင်က Psychosocial supporter အဖြစ်လုပ်ခဲ့ဖူးလို့လေ"
"ဒါကြောင့်ကိုး မင်းဘာတွေကြုံခဲ့ရလဲ အဲ့လိုလုပ်တုန်းကလေ"
ပွန်ကလေ သူတစ်ခုခု အာရုံစိုက်တဲ့အချိန် သိချင်တဲ့အချိန်ဆို မျက်ဝန်းလေးတွေဝိုင်းပြီးကြည့်တတ်တာ။ ခုလည်းတကယ်သိချင်လို့မေးလာသည်မို့ ပြုံးပြရင်း
"ပွန်ယုံပါ့မလားမသိပေမယ့် ငါကအရင်ကကျလေတစ်ခုခုဆိုတစ်ပါးသူအတွက်သိပ်မတွေးပေးတတ်ဘူး။ ဥပမာ-ရည်စားနဲ့ပျက်လို့ငိုတယ်ဆိုပါတော့။ငါကဘာသွားတွေးလဲဆို ဘာဝမ်းနည်းစရာရှိလဲ ကိုယ့်အပေါ်မကောင်းတဲ့သူတစ်ယောက်က ကိုယ့်နားကထွက်သွားတာပျော်ရမယ်ဘာညာပေါ့။ ဒါမဲ့ငါနားလည်လိုက်တာက ငါတို့ရဲ့စိတ်တွေကငါတို့အပေါ်သိပ်စိုးမိုးနိုင်တယ်။ ငါတို့ကို ကောင်းတာတွေဖြစ်စေနိုင်သလို ကိုယ့်ကိုယ်ကိုသတ်သေစေနိုင်လောက်တဲ့ထိလည်းအင်းအားကြီးတယ်ပွန်"