Part 2

302 31 5
                                    

"Gemini Tangsakyuen မင်းဘာမှားလဲ မင်းသိတယ်နော်"

"ကျတော်ဘာအမှားမှမလုပ်ထားဘူးမယ့်"

"ဘာကွ ယောက်ျားတစ်ယောက်နဲ့ ချစ်သူရည်စားဖြစ်နေတာက ဘာအမှားမှမလုပ်ထားဖူးတဲ့လား၊မင်းမယ့်တို့အပေါ်ကိုကော ထည့်တွက်မစဉ်းစားဘူးလားဂျမ်။ငါတို့ကပတ်ဝန်းကျင်နဲ့နေနေတာ ခုကြည့်ငါ့သားက ယောက်ျားလေးတစ်ဦးကိုကြိုက်နေတယ်ဆိုတဲ့ကိစ္စကိုတခြားသူတွေသာသိကြည့်စမ်း ဘယ်လောက်အရှက်ရစရာကောင်းလိုက်လဲ"

"မယ့် ခုမယ့်ပြောလိုက်တဲ့စကားကိုသေချာတွေးကြည့်ပါဦး မယ့်က ကျတော်နဲ့ ကျတော်တို့မိသားစုတွေအဆင်ပြေမလားမတွေးဘဲ မယ်အ‌ပေါ်ကို တခြားလူက ဘယ်လိုဆက်ဆံမလဲတွေးနေတာမယ့်ရဲ့"

"မင်း".... "ဂျမ်"

ကျတော်နဲ့မယ့်ရဲ့ရန်ဖြစ်သံ‌တွေကို ခရီးရောက်ဆိုက် ကိုကိုက အံ့ဩမှုတွေထင်းနေတဲ့မျက်နှာဖြင့် ငေးမောကြည့်နေလေတယ်။

"ဖူဝင်း သားပြန်လာပြီလား မယ့်သားတို့ကိုဘယ်လောက်မျှော်လင့်ထားလဲ သားတို့အသိဆုံး အခုတော့ကွယ် မင်းတို့က မယ့်ကို စိတ်ဒုက္ခတွေပေးနေကြတယ်။"

"မင်းတို့က"ဆိုတဲ့ ထိုစကားကဘာကိုဆိုလိုတာလဲ။မယ့်က သူနဲ့မောင့်အကြောင်းကိုသိနေတာများလား။ ဒီအတွေးတွေကြောင့် ကျတော့်မှာ ခေါင်းနပမ်းကြီးသွားရတော့တယ်။

"မယ့်သိလား မယ့်ရဲ့စကားဖြစ်တဲ့လေ အဲ့မျှော်လင့်တာ၊အားထားတယ်ဆိုတဲ့စကားက ကျတော်တို့ကို အားဖြစ်တာနည်းနည်း pressure ဘယ်လောက်ပိလဲမယ့်သိလား။ အထူးသဖြင့်ကိုကို့ကို မယ့်တစ်ခါလောက်ဖြစ်ဖြစ် ကိုကိုကဘယ်majorစိတ်ဝင်စားလဲ မေးဖူးလား။ကိုကို့ကို မယ့်ကကြိုးစားဖို့၊ မယ်တို့ရဲ့ အားထားရာ ဒီလိုပြောတိုင်း ကိုကိုရဲ့အောင့်သက်သက်အပြုံးတွေကိုမယ့်တစ်ခါလောက်မြင်အောင်ကြည့်ဖူးရဲ့လား။ဟင့်အင် မယ့်မကြည့်ခဲ့ပါဘူး မယ့်ကမယ့်ရဲ့ ပုံစံခွက်၊အတိုင်းအတာထဲမှာနေဖို့ကိုသာပြောပြနေခဲ့တာ အဲ့စကားတွေရဲ့လေးလံမှုကို ထမ်းထားရတဲ့ကျတော်တို့ကိုကျ မယ့်မစာနာပေးနိုင်ပါဘူး"

The way he behaves🤍Where stories live. Discover now