Part7

303 34 0
                                    

"ဖူဝင်း ဖူဝင်း"

ကန်တင်းအဝင်းဝတွင်သာရှိသော်လည်း အလျင်လိုစွာနဲ့ အမောတကောပြေးလာတဲ့ အမြွှာနှစ်ယောက်ကြောင့်

"ဟိုအမြွှာနှစ်ကောင် အသံနောက်မှထားလူအရင်လာ"ဟု ဒန်ကပြောလာသည်မို့

"ဟဲဟဲ ကျတော်တို့ပြောစရာရှိလို့ပြေးလာမိလို့ပါဗျာ"ဟု အမောတကောနဲ့ JJက ဆိုလေတယ်။

"အေးပါ AJ ရာ။ ကဲပြော ဖူဝင်းကိုဘာပြောမလို့လဲ"

"ရားးး ဒန့် မင်းအမြဲမှားပြန်ပြီခုပြောနေတာက JJဟ"

"အဟမ်း သိပါတယ် ရုတ်တရက်မို့"

ဒန့်ကအမြဲ ဒီအမြွှာနှစ်ယောက်ကိုမှားနေကြ အခုမှလည်းမဟုတ်ဘူး။ ကျတော်တောင် ပထမ စစချင်းက ရုပ်ဆင်လွန်းလို့ ဘယ်သူက ဘယ်သူမှန်း 1လနီးပါးလောက်ထိမသိလို့ မှားနေဆဲမလား။

"ဒီလိုကွ မင်းကို အားကျန်က ခေါ်ခိုင်းလိုက်လို့လေ အဲ့တာ ဆရာက သူအခန်းထဲမှာပဲ မင်းကို စောင့်နေပါမယ်တဲ့"

"ဟင်ဟုတ်လား အိုခေ ကျေးဇူးနော် ငါသွားလိုက်ဦးမယ်"

ဖူဝင်းက သူ့လွယ်အိတ်ကိုအမြန်ယူကာ အခန်းသို့ပြေးလေသည်။

Dunk:"ဘာလို့တဲ့လဲ မင်းတို့သိလား"

AJ:"အင်းမသိဘူးဗျ အားကျန်မျက်နှာကြည့်ရ‌တာတော့ ဒေါသရိပ်ဘာညာမတွေ့ပါဘူး''

JJ:"ငါတို့သွားကြည့်ကြမလားဒန့်"

Dunk:''ဟာကွာ သူများကိစ္စကို"

JJ:"ဒါဆို မင်းမလိုက်ဘူးလား"

Dunk:"လိုက်မှာပေါ့ သေချာပြန်စဉ်းစားကြည့်တော့ ဖူဝင်းကသူများမှ မဟုတ်ဘဲ။သူငယ်ချင်းကြီးမလား။ လာသွားမယ် JJ"

ဟုထိုစကားအား လေးလေးနက်နက်တွေးနေတဲ့ပုံစံဖမ်း၍ ဒန့်က အမြွှာတစ်ကောင်ကို ပုခုံးဖက်၍ အခန်းဆီသို့သွားလေတယ်။
အနောက်တွင်တော့

"ဟ အိုက်ဒန့် မင်းခေါ်သွားတာ AJကွ၊ငါ့စောင့်ဦးလေ"

ဖူဝင်း အားကျန်နဲ့စကားပြောနေကတည်းက အခန်းရဲ့ပြတင်းပေါက်ကနေ လာချောင်းနေတဲ့ သုံးကောင်ကို သူအစောကတည်းမြင်ပါတယ်။အားကျန်လည်းသွားတော့ "ဟိုသုံးကောင် ကုပ်ချောင်း" လုပ်‌မနေနဲ့။ငါမြင်တယ်"လို့ပြောတော့ ကိုးဂိတ်အပြုံးတွေနဲ့ မျက်နှာချိုသွေးလေတယ်။ ကျတော်လည်း အားကျန်က သူ့ကို guide အနေနဲ့ သူ့တူလေးအားသင်ပေးဖို့ပြောတော့ ခေါင်းလေးတငြိမ့်ငြိမ့်လုပ်နေကြတယ်။
______

The way he behaves🤍Where stories live. Discover now