"ကျစ်"
ပွန်ခုတလော အလုပ်လုပ်နေရတာအဆင်ပြေမနေဘူး။ ဖူဝင်းဆီကိုဖုန်းဆက်တိုင်း အကြောင်းအမျိုးမျိုးနဲ့ သင်းကလေးကချချပစ်တယ်။ တကယ်ပါ သူ့ရင်တွေပူလှနေပြီ။ အသက်ဘာများဖြစ်နေလို့ပါလိမ့် သူတို့အကြောင်းကို သိသွားလို့များလား။ဒီအတွေးတွေက သူ့ကိုတကယ်နှိပ်စက်နေတယ်။ သူလိုက်သွားသင့်လား သူလိုက်သွားလို့ တကယ်ပဲ သူတို့အကြောင်းသိလို့ဆို ပြသနာတွေပိုရှုပ်သွားနိုင်လား။ ဒါမဲ့ဖူဝင်း ခုလိုပြသနာတွေရင်ဆိုင်နေရချိန်မှာ ကျတော်က ဖူဝင်းကို ဒုက္ခတွင်းထဲ ပစ်စလက်ခက်လွှတ်ထားရင်ကော ကျတော်က ဘယ်လိုချစ်သူမျိုးပါလိမ့်။ ဟူး ကျတော်ရူးတော့မှာပဲ ကျတော်ဘဝမှာ ခုလိုအခြေအနေမျိုးကိုသိပ်မုန်းတာပဲ။ပြီး ဖူဝင်းဆိုတဲ့ သင်းကလေး ဘာဖြစ်နေလဲ ဘာညာမပြောပြဘူး လူကိုသပ်သပ်ရင်ပူအောင် ပြန်လာပါစေဦး တွေ့မှ မှတ်လောက်သားလောက်အောင် ပညာတွေပေးပစ်မယ်။
___________________ဖူဝင်း အိမ်မှာပဲနေနေတာ ဒီနေ့နဲ့ဆို 4ရက်ရှိနေပြီ။ မယ့်ကကျတော့်ကို ဘာစကားမှမဆိုသလို လျစ်လျူရှုပြီးနေနေတတ်တယ်။ ဂျမ်နဲ့ပြသနာဖြစ်ပြီးတဲ့နောက်ပိုင်း မယ့်ကတွေတွေလေးတစ်ခုခုကိုကြည့်ပြီးနေနေတတ်တယ်။ ကျတော်သာ ပွန့်ကိုနက်နက်နဲနဲမချစ်မိခဲ့ဘူးဆိုရင် တကယ်မယ့်ဝမ်းသာစေမယ့်နည်းကိုပဲ ရွေးလိုက်မိမှာပါ။ မယ့်ရဲ့ မှိုင်တွေတွေမျက်နှာမြင်တိုင်း ကျတော်ကိုယ်တိုင်လည်းနာကျင်ရပါတယ်။ဒါမဲ့ ခုလိုငြိမ်နေတာထက် လုပ်သင့်တာတစ်ခုခုကိုတော့ လုပ်ဖို့လိုနေပြီမလား...
"ဒေါက် ဒေါက် ဂျမ်အားလား"
"ဝင်ခဲ့လေကိုကို ကျတော်အားတယ်"
ကျတော်ဝင်သွားပြီး ဂျမ့်ကုတင်ပေါ်ထိုင်တော့ ဂျမ်က စာကြည့်စားပွဲကနေ ကုတင်ဆီကူးလာပြီး ကျတော့်ကိုကြည့်နေတယ်။
"ဂျမ် ကိုကိုတို့တစ်ခုခုကို လုပ်သင့်ပြီ"
"ကျတော်သိတယ်ကိုကို ဒါမဲ့မယ့်က"
"အွန်း အာ့ကြောင့်ပေါ့ကိုကိုဒီကိုလာတာရယ် ကိုကိုတို့ မယ့်နဲ့အတူ အေး"ဆေး"ဆွေးနွေးကြရအောင်လား။ ဂျမ်က ကိုကို့ကို တစ်ခုကူညီပေး အခုချိန်မှာ ကိုကိုတို့အားလုံး ခံစားချက်ကိုယ်စီတွေနဲ့ ကိုယ့်မှာရှိတဲ့ခံစားချက်တွေကိုရှေ့တန်းမတင်ဘဲ ကိုကိုတို့မယ့်ရဲ့ခံစားချက်ကိုလည်း ထည့်စဉ်းစားပေးရမယ်ဂျမ်။ဒါကို ဂျမ်လုပ်နိုင်မလား"