ကျေးဇူးတင်လွှာ

227 16 4
                                    

အမှန်ဆိုရင်တော့ ဒီ Ficလေးအကြောင်းနဲ့ပက်သက်ပြီး စရေးတုန်းက သေချာတောင်မပြောပြခဲ့မိပါဘူး။ကေ့အနေနဲ့ ခုလို ficလေးတစ်ပုဒ် ဖန်တီးဖို့အတွက် အရင်ကတည်းကိုက ခဏခဏစိတ်ကူးခဲ့တယ်။ အမှန်တိုင်းပြောရရင် ဒီFicလေးက ကေ့ရဲ့ပထမဆုံး ficလေးဖြစ်တာမို့ အမှားအယွင်းတွေလည်းပါလာနိုင်ပါတယ်။ အကယ်၍ အမှားတစ်ခုခုပါခဲ့ရင် ကေ့ကို feedback ပေးပြီး ထောက်ပြ‌ ပြောပြလို့ရပါတယ်။ ပြီးဒီficလေးမှာဆို ဖူဝင်းရဲ့ character လေးကတကယ်လက်‌တွေ့နဲ့ ကွဲထွက်နေတာ။အငယ်‌လေးက အပြင်မှာဆို တကယ်ကျောင်းစာကော အနုပညာကောအဘက်ဘက်မှတော်တဲ့ hyperလေး ပြီးမောင်မောင်ဖူဝင်းရဲ့အလိုကျ pondဆိုတာ (Yes Man)နုရတဲ့သူလေးပါလို့🤭။ ဒီficလေးက ကေ့ရဲ့စိတ်ကူးတွေကြည့်ပဲမို့ ကေ့ရဲ့ idolတွေကိုတကယ်ထိခိုက်နစ်နာလိုစိတ်အလျင်းမရှိပါဘူးရှင်။ ပြီးတော့အမှန်ဆို ဒီထက်မက ရေးချင်သေးပေမယ့် စာနဲ့နပမ်းလုံးရ‌ဦးမှာဆိုတော့ ဒီလောက်နဲ့ရပ်လိုက်ရတယ်၊ ထပ်တော့ရေးချင်သေးသား😁။ ဒီfic name လေးက ဖူဝင်းရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းကပွန့်ရဲ့နှလုံးသားတံခါးလေးကိုပွန်မသိလိုက်ခင်မှာပဲ ဖူဝင်းက ဝင်ရောက်လာတယ်ဆိုတဲ့သဘောမျိုးနဲ့ ပေးထားတာရယ်။ ကေ့ရဲ့ ficလေးကိုဖတ်ပြီး ဘဝရဲ့အမောတွေဖြေဖျောက်ပြီး စိတ်နှလုံး‌ချမ်းမြေ့ပါစေလို့ ဆုတောင်းရင်း ကေကဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။ ဖတ်ပေးကြတဲ့ တစ်ဦးချင်းစီတိုင်းကို ကေက တကယ်ကျေးဇူးတင်ပါတယ်ရှင်🤍🤍🤍

The way he behaves🤍Where stories live. Discover now