"အွန်း... ဝှါးးးး"
နှိုးစက်မလို၊တိုက်ထားတာမဟုတ်ဘဲ သူ့အလိုလိုနိုးလာတဲ့မျက်လုံးတွေကြောင့် သူသိလိုက်ပါပြီ ခုချိန်ဟာ6နာရီမှန်း။
အာရား လေးလိုက်တာ.. သူ့ခန္ဓာကိုယ်က သာမာန်ထက်လေးတဲ့ခံစားချက်ကြောင့် ဖူဝင်းပြန်ကြည့်လိုက်တော့ အောင်းဝ် မောဝ်နဲ့ ပွန်။ နှစ်ယောက်သားက သူ့အား ခြေထောက် တစ်ဖက်၊တစ်ချောင်းစီ သူ့ဗိုက်ပေါ် တင်ထားတယ်။ သူလည်း တင်ထားတဲ့ခြေထောက်နှစ်ချောင်းအားဖယ်တော့ မောဝ်ကတော့ အေးဆေးဟိုးဘက်လှည့်အိပ်သွားတယ်။
အဆင်မပြေတာက ပွန် ... ကျတော်က သူ့ခြေထောက်ကိုဖယ်တော့ ပက်လက်လှန်ထားတဲ့ အနေထားကနေ လုံးဝသူ့ဘက်ကြီးလှည့်လာပြီး ခြေကော လက်ကော အလုံးစုံလာတင်တော့တာပဲ။ သူ့ကြောင့် ကျတော့်ပုံစံက ပက်လက်လှန်အိပ်တဲ့အနေအထားဖြစ်သွားပြီး ပွန့်လက်ကြီးက ကျတော့်လည်ပင်းပေါ် တင်ထားလေတယ်။ အားကလည်းကြီးလိုက်တာ...သူအသက်ပင်ကောင်းကောင်းမရှူနိုင်တော့ ဒါလား ကျတော့်အနာဂတ်ရည်စား ခုကတည်းက အနိုင်ကျင့်ချင်နေပြီ စဉ်စားကြည့်ရည်စားဖြစ်လို့များ တူတူအိပ်ကြည့် ကျတော်အသက်ရှူကျပ်သေတောင် အဲ့ကောင်သိမှာမဟုတ်ဘူး။ အိပ်ရာထဲ 15မိနစ်လောက်နေရာချထားပြီးမှ သူရေချိုးခန်းထဲရောက်တော့တယ်။
"ဟူး မောလိုက်တာ"
တကယ်ပါ တကယ်ပါ သူ့မှာ assignment တွေများလို့ အချိန်လုရင်း စာထပ်ရတာ၊စာလုပ်ရတာတောင် ခုခြေထောက်နဲ့လက် နေရာချထားတာလောက်မပင်ပန်းပါ။ ဒါမဲ့လည်း ကိုယ်ကချစ်မိသွားတာကိုး သည်းခံရတော့မှာပေါ့။အတွေးတွေကိုဖယ်လို့ ရေချိုးပြီးထွက်လာတော့ မောဝ်က နိုးနှင့်နေပြီ။
"ပွန် ထတော့"
"အွန်း အင်း 5မိနစ်ပဲ ကိုယ်5မိနစ်လောက်ပဲ ထပ်အိပ်ဦးမယ်"
"ဘာ5မိနစ်လဲ မင်းစောနကတည်းက 5မိနစ် 5မိနစ် 5မိနစ်နဲ့ ဘယ်နှခွန်းရှိပြီလဲမင်း တော်ပြီ ခုထတော့ မင်း"
ကျတော့်ရဲ့သည်းခံနိုင်မှုကတကယ်ပိစိကလေးသာကျန်တော့တာရယ်။မောဝ်ရေချိုးဘာညာလုပ်ပြီးအခု ထမင်းစားဖို့ဆိုပြီးထွက်သွားပြီ ကျတော့်မှာ 5မိနစ်ဆိုတဲ့ကိုယ်တော့်ကြောင့် မတ်တပ်ရပ်ပြီးစောင့်နေတာ ခြေထောက်ပင်ညောင်းလှလေပြီ။