"အသက် အဲ့ဒါဘယ်လဲ"
ပွန့်စကားကြောင့် ဖူဝင်းခန္ဓာကိုယ်လေး တုန်တက်သွားရတော့တယ်။ ဟင်း အစစ်ဆေးခံရတော့မှာပဲ၊သူမသိအောင်လစ်ထွက်ပါတယ်ဆိုမှ။
"စာသွားသင်မလို့ မောင်"
"ဘယ်သူလဲ ဘယ်နေရာမှာလဲ"
ကြည့်အာ့တွေကြောင့် သူပွန့်အလစ်ထွက်လာချင်တာ။
"ဖို့နက်ထဝက်ကိုသင်ပေးမှာ သူ့ရဲ့အိမ်မှာ ဘာသိချင်သေးလဲ"
"သေချာတယ်နော်အသက် သင်ပြီးရင် ကိုယ့်ကိုဖုန်းဆက် ကိုယ်လာကြိုမယ်"
ဖူဝင်းက သူ့အားကလေးအဖေတစ်ယောက်လိုပြောလာတဲ့လူကြောင့် မချိုမချဉ်ပြုံးပြလိုက်ကာ စိတ်ထဲတွင်တော့ ဒန့်အားမေတ္တာပို့မိလေတယ်။ ဟိုတစ်နေ့က သူ့ကိုယုံလို့ ကျတော်က ကောင်းထန်ကိစ္စအကြောင်းပြောပြမိတာ ပွန့်အား အမှုမဲ့သွားပြောမိတယ်တဲ့လေ။ အဲ့ကတည်းက မောင်ဆိုတာကလည်း သူအပြင်တစ်ခါထွက်တိုင်း သူ့ကို တရားခံတစ်ယောက်လို စစ်လားဆေးလားနဲ့။ ချစ်သူထားပါဆို စုံထောက်နဲ့ချစ်သူဖြစ်နေရသလိုပဲ ငါ့နှယ်....
_________ဖူဝင်း ပွန့်ကိုဖုန်းဆက်တာ အခါပေါင်းမနည်းတော့ဘူး။ဆက်လိုက်တိုင်း လူကြီးမင်းနဲ့ပဲတိုးတိုးနေတယ်။ မနက်ကအေးဆေးသူတို့အတန်းတက်ပြီး နေ့ခင်း အတန်းပြန်တက်တဲ့အချိန်မှ မောင်ကဒီနေ့သူအတန်းမတက်တော့ဘူးတဲ့။ အဲ့စကားကိုလည်း သူနဲ့ဒန့်နှစ်ယောက်တူတူရှိတာ ဒန့်ကိုသာပြောပြီး သူ့ကိုတစ်စက်မှမကြည့်ဘဲ ပြန်သွားတယ်။ မပြန်ခင် ဖူဝင်းပွန့်ရဲ့ မျက်လုံးတွေကိုကြည့်မိတယ်။ ပွန့်ရဲ့မျက်ခမ်းစပ်တွေက သာမာန်ထက်ပိုနီနေပြီး ပေါက်ကွဲတော့မယ့် ချိန်ကိုက်ဗုံးတစ်ခုလိုပဲ။ငါရင်ပူလိုက်တာမောင်ရယ်။
ဖူဝင်း အတန်းချိန်ပြီးလည်းပြီးကော မောင့်တိုက်ခန်းကိုသာလာခဲ့လိုက်တယ်။ တိုက်ခန်းထဲ သူဝင်လာတော့ ညဘက်ရောက်နေပြီဖြစ်ပေမယ့် မီးတွေလည်း မထွန်းထားဘူး မောင်မရှိတာများလား။ ဖူဝင်းလည်း တွေးရင်း မီးတွေလိုက်ဖွင့်တော့ မောင်က ဆိုဖာပေါ် မှီပြီးအိပ်ပျော်နေတယ်။ သူလည်း မောင့်အနားထိုင်လိုက်ပြီး မောင့်မျက်နှာကို သေချာကြည့်လိုက်တယ်။ သူမမှားဘူးဆို မောင်ငိုထားတာပဲ။ ဘာတွေများစိတ်ညစ်စရာတွေရှိနေလို့ပါလိမ့်။ ဖူဝင်လည်း မောင့်မျက်နှာပေါ်က မျက်ရည်စီးကြောင်းလေးတွေလက်နဲ့သုတ်ပေးဖို့ လက်လှမ်းလိုက်ချိန်