"အားလုံးreadyဖြစ်ကြပြီလား၊ Aouတို့ အဆောင်ရှေ့မှာစောင့်နေတယ်တဲ့"
ဒန့်စကားကို အကုန်လုံးက ပြီးပြီဆိုတဲ့သဘောမျိုးနဲ့ ခေါင်းညိတ်ပြတော့ ဒန့်က အရင်သွားနှင့်ပြီလို့ပြောကာ ဆင်းသွားလေတယ်။ဂျွန်ကလည်း ဒန့်နဲ့တခါတည်းပါသွားလေတယ်။
"ပွန် အနွေးထည်ဘာညာ လုံလုံလောက်လောက်ပါရဲ့လား၊ချင်းမိုင်က ဘန်ကောက်နဲ့မတူဘူး အေးစိမ့်စိမ့်နဲ့မို့လေ"
ကျတော်ခုလိုပြောတော့ ပွန်က ပြုံးကာ
"အင်းအကုန်ပါတယ်ဖူဝင်း၊ ငါတို့သွားကြရအောင်"
ကျတော်လည်း ပွန့်စကားကို ခေါင်းညိတ်ပြကာ နှစ်ယောက်သားအတူတူ ကားရှိရာသို့ ထွက်လာခဲ့တယ်။
ဒီကနေ့က သူတို့ volunteer အနေနဲ့ လုပ်အားပေးဖို့ ချင်းမိုင်ဘက်ကိုသွားကြမှာ။ နှစ်ရက်က knowledge sharing အနေနဲ့ နေပြီး နောက်တစ်ရက်ကိုတော့ မိဘမဲ့ဂေဟာ၊ ရိပ်သာကို သွားမယ်လို့ပြောတယ်။ အဲ့သုံးရက်ပြီးရင်တော့ အိုက်ဒန့်ပြောအရ နောက်သုံးလေးငါးရက်က ချင်းမိုင်နဲ့ ကျန်တဲ့နေရာတွေကိုလည်ပတ်မယ်ပြောတယ်။
"ပွန် ငါပြတင်းပေါက်ဘက် ထိုင်ချင်တာ။ မင်းကောထိုင်ချင်လားဟင်။"
"ရတယ်လေဖူဝင်း ထိုင် ထိုင် ငါက အဆင်ပြေတယ်။"
ကျတော်ထိုသို့ပြောတော့ ဖူဝင်းက ကျတော့်အား မျက်စိတွေမှိတ်ပြသည်အထိပြုံးပြပြီး
"ကျေးဇူးနော်ပွန် ငါက ပြတင်းပေါက်ဘက်ထိုင်ရတာကြိုက်လို့ပါ"တဲ့။ကားစထွက်ပါပြီဆိုကတည်းက ဖူဝင်းက ကျတော့်ဘက်အား တစက်ကလေးမှမလှည့်လာဘဲ ပြတင်းပေါက်ကရှုခင်းကိုသာ လှည့်ကြည့်နေတယ်။ ကြာလာတော့ ကျတော့်မှာ ဖူဝင်းကိုကြည့်ရင်း ငိုက်လာသည်မို့ အိပ်ဖို့ကိုသာဆုံးဖြတ်လိုက်တယ်။ စိတ်ထဲ၌လည်း "တကယ်ပါပဲ ဖူဝင်းရာ။ငါကတော့ မင်းနဲ့စကားတွေတူတူပြောဖြစ်မလား အောက်မေ့တယ်။ မင်းကတော့ ရှုခင်းကို တစ်ကမ္ဘာထင်ပြီးကြည့်နေတယ်။ မင်းကိုတစ်ကမ္ဘာထင်ပြီး ကြည့်နေတဲ့ငါ့ကိုကျ အဖက်ကောအရည်ကောမလုပ်ဘူး"ဟုစိတ်ထဲကနေ ကြုံးဝါးလိုက်တော့တယ်။