Part 5

621 62 8
                                        

"မင်း"

"hi အကို၊ မတွေ့ရတာကြာပြီနော်"

"မင်း ဒီမှာမထိုင်နဲ့ ငါသင်ပေးရမယ့်သူ ရောက်လာတော့မှာ"

"ရော ဇွတ်တွေ နှင်ထုတ်နေတာပဲအကိုရယ် အကိုသင်ရမှာကျတော်လေ"

ဖူဝင်းက မကြည်ကြည့်တစ်ချက်ပေးကာပြောလေတယ်။လွမ်းနေတာ အကို့ကို.. ဘွားဘွားအသဲအသန်ဖြစ်လို့ US လပိုင်းကြာအောင်နေခဲ့ရတာ။ ဒီမျက်နှာလေး သူနဲ့တွေ့တိုင်းအမြဲလိုလို စူပုပ်ပုပ်ဖြစ်သွားတဲ့နှုတ်ခမ်းလေးတွေ  ဒီအမူအရာတွေကို သူလွမ်းနေခဲ့ရတာ။ သူ့ခမျာ အကိုနဲ့နီးစပ်ဖို့ ဘယ်လောက်တောင်ကြိုးစားခဲ့ရသလဲ uniမှာအားကျန်လုပ်နေတဲ့ သူ့ရဲ့ ဦးလေးကိုမနက်ကနေည ‌မျက်နှာချိုသွေးဖားခဲ့ရတာကော အကိုသိမှသိလေစွ။ဒါတောင် သူ့ကိုမယုံကြည်သောမျက်လုံးလေးတွေနဲ့ကြည့်နေတဲ့သူအား ကောင်းထန်က

"ဘာလဲ အကိုမယုံသေးဘူးလား ကျတော်phဆက်ပေးရဦးမလား"

သူ့ရှေ့မဲ့ပြုံးလေးတချက်ဖြင့် ပြောလာသောကောင်လေးအား မကြည်ကြည့်တစ်ချက်ပေးကာ

"ဖုန်းဆက်စရာထိမလိုဘူး။ ဒါဆိုငါတို့စာစသင်ကြတာပေါ့"

သူမှတ်မိတာပေါ့ သူစာဖတ်ချိန်လျော့အောင် နှောင့်ယှက်သွားတဲ့ကောင်လေး။ ဒီကောင့်ကိုသာ စာသင်ပေးရရင် အိမ်က ကိုယ်တော်ချောနဲ့ အားရားး ငါတော့ရူးတော့မှာပဲ။ အပြင်ပန်းမှာသာ ဘာမှမဖြစ်တာ ဖူဝင်းစိတ်ထဲ၌ခေါင်းမီးတောက်နေရလေပြီ...
_________

ဒီနေ့ကပိတ်ရက်ဖြစ်တာကြောင့် ဖူဝင်းက မောင်နဲ့အတူတူ မောင့်တိုက်ခန်းမှာပဲနေဖြစ်တယ်။ မနက်မိုးလင်းတော့ ဖူဝင်းထတဲ့အချိန် ‌အိပ်ချင်မူးတူးဖြင့်သာ လွတ်နေတဲ့ကုတင်ကို စမ်းကြည့်မိတယ်။ အယ်...မောင်ဘယ်ရောက်နေတာပါလိမ့် ခုမှ5နာရီခွဲ‌ကျော်ကျော်ပဲရှိသေးတာကိုး စိုးရိမ်စိတ်ကြောင့်လားမသိ မှိတ်နေတဲ့ မျက်လုံးတစ်စုံက ချက်ချင်းပဲပွင့်လာခဲ့တယ်။ သေချာနားထောင်ကြည့်တော့ မီးဖိုခန်းထဲက အသံတွေကြောင့် ဖူဝင်း မီးဖိုခန်းထဲကိုသာသွားလိုက်တော့တယ်။

"အသက် နိုးလာပြီလား"
မောင်က ပြုံးလို့ထိုစကားကိုဆိုလေတယ်။

The way he behaves🤍Where stories live. Discover now