Part3

356 44 0
                                    

ဖူဝင်းuniရောက်တာလည်းကြာပြီ အရာရာကပုံမှန်လိုပါပဲ။

"ဖူဝင်း မင်းတကယ်ကြီးအိမ်မပြန်ဘူးလားကွ"

အခန်းနား luggage ကြီးတကားကားနဲ့ လုပ်နေရင်းက ကျတော်ကုတင်ဆီလာထိုင်ပြီးမေးနေတဲ့ဒန့်ကြောင့်

"အင်းဟုတ်တယ်လေကွာ မင်းသိတဲ့အတိုင်းပဲ ငါနေတာရွာဘက်မှာ ငါကခုအိမ်ပြန်ရင်မနက်လောက်မှရောက်မယ်။ပိတ်ရက်ကနှစ်ရက်တည်းမို့ ငါကဟိုမှာခဏနားပြီးပြန်လာရမယ့်အဖြစ်လေဒန့်ရဲ့"

ကျတော်လည်းခုလိုရှင်းပြကော ခေါင်းလေးတငြိမ့်ငြိမ့်လုပ်ပြရင်း

"အင်းလေ ငါခုလိုပြောတာကလည်း မင်းတစ်ယောက်တည်း ကျန်ခဲ့မှာဆိုတော့လေ"

"ရတယ် ရတယ် ငါ့အတွက်မပူနဲ့"
လို့ပြောတော့ ဒန့်က ခေါင်းကိုငြိမ့်ပြီး ထွက်မယ်အလုပ် ဒန့်ရဲ့‌ ခေါင်းနဲ့ ကုတင်စောင်းနဲ့ ဒုန်းခနဲမြည်အောင်တိုက်လေရဲ့။

"အားယိုး သေပါပြီကွာ။အီဟီး"

ကိုယ်တော်ချောရဲ့အသံကြောင့် ဖူဝင်းကဘယ်နားနာသွားလဲ ကြည့်ဖို့လက်လေးလှမ်းနေတုန်း ရေချိုးခန်းကခုမှထွက်လာတဲ့ဂျွန်က စိုးရိမ်တကြီး မပြေးရုံတမယ် ဒန့်နားလျှောက်လာလေတယ်။

"ဒန့်ဘာဖြစ်သွားသေးလဲ။အရမ်းနာနေလား။မင်းကကလေးလားဟမ်။တစ်ခုခုလုပ်မယ်ဆိုရင်လည်းသတိကပ်မှပေါ့။ခုကြည့်နာပြီမလား"

"ဟ ဟေ့ကောင်ရ ငါကကောခုလိုဖြစ်ချင်ပါ့မလား။ငါ့ဟာငါအေးဆေးထတာအဲ့ကုတင်စောင်းကလာတိုက်တာလေ။ငါလုပ်တာလား။"

ကိုယ်တော်ချောဒန့်က ဂျွန်အာချန်ကို မျက်ရည်ဝဲဝဲလေးတွေနဲ့ ကတ်ကတ်လန်ပြန်ရန်တွေလေရဲ့။သူပြောမှ ကုတင်စောင်းကပဲသူ့ကိုရည်ရွယ်ချက်ရှိရှိလာတိုက်သလိုလိုနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူကိုယ်တိုင်လည်း ရောက်လာပြီး‌ နောက်ရက်မနက်ခင်းမှာတင် ကုတင်စောင်းနဲ့မိတ်ဆက်ပြီးပြီမို့ အမောင်ဒန့်ဘယ်လိုခံစားနေရမလဲဆိုတာ ဖူဝင်းကောင်း"ကြီးနားလည်ပါတယ်။ မျက်စိရှေ့တည့်တည့်မြင်နေရတဲ့ နှစ်ယောက်သားကတော့ သူတို့ကမ္ဘာနဲ့သူ၊အာချန်ကလည်းစိုရိမ်တကြီးဒန့်နာတယ်ပြောတဲ့နေရာလေးကို လက်ကလေးနဲ့ဖွဖွလေးဖိချေပေးနေတယ်။ အဆောင်မှာနေတဲ့ရက်ကြာလာတဲ့အခါ သတိထားမိတဲ့အကြောင်းအရာတစ်ခုကတော့ ဂျွန်အာချန်ကအေးဆေးနေတတ်ပေမယ့် ဒန့်လိုအမြဲပျော်ပျော်နေတတ်ပြီး စကားလည်းများတဲ့လူက စကားတွေ ကရေကရားလွှတ် ဂျွန့်ကိုလာပြောတဲ့အချိန်တိုင်း အမြဲ ဒန့်စကားလေးတွေကို သေချာလေးနားထောင်ပြီး ထောက်ခံတဲ့သဘောနဲ့ခေါင်းလေးတငြိမ့်ငြိမ့်လုပ်ပေးတတ်တယ်။ဒါကိုတခါတလေအမောင်ဒန့်က သူဒီလောက်အများကြီးစကားပြောနေတာ ဘာမှပြန်မပြောရကောင်းလာဆိုပြီးစိတ်ကောက်တဲ့အချိန်တွေကလည်း တစ်နေ့ကို တစ်ကြိမ်‌တော့အနည်းဆုံးဖြစ်နေတတ်တယ်။တအားတော့မများပါဘူး နော့်။ သူတို့နှစ်ယောက်ကြောင့် အမြဲလိုလိုဖူဝင်းမှာမရယ်ရတဲ့ရက်ရယ်လို့ကိုမရှိဘူး။ သတိပြန်ဝင်လာတော့ ဟိုနှစ်ကောင်သားက နဂိုပုံစံအတိုင်းရှိနေပေမယ့် ပွန်ကတော့ ကုတင်တိုင်ကိုကျောမှီလို့ သူတို့နှစ်ယောက်အား မရယ်မပြုံးမျက်နှာနဲ့ကြည့်နေလေရဲ့။

The way he behaves🤍Where stories live. Discover now