Part4

339 41 0
                                    

လောကတခွင်ကို အလင်းပေးဖို့ ရောင်နီဖြာကျလာတဲ့နေမင်းကြီးကြောင့် ဘန်ကောက်မြို့တစ်‌နေရာရဲ့တိုက်ခန်းလေးထဲမှာရှိတဲ့ အချစ်ငှက်လေးတစ်ကောင်ကတော့ ခဏအကြာလူးလိမ့်ပြီးနောက် နိုးထလာခဲ့တယ်။

ပေါ့ပါးတဲ့ခံစားချက် အင်းသူဒီခံစားချက်ကို မခံစားရတာကြာပြီ။ ကိုယ့်ဖြစ်တည်မှုကိုလက်ခံပြီးနားလည်ပေးနိုင်တဲ့သူရှိနေတယ်ဆိုတဲ့အတွေးတစ်ခုဟာ မှောင်မိုက်ပြီးကြောက်စရာကောင်းလှတဲ့ အိမ်ကြီးတစ်အိမ်ရဲ့တံခါးပေါက်ကြီးကိုဖွင့်လိုက်တဲ့အခါမြင်လိုက်ရတဲ့ အလင်းရောင် နေရောင်ခြည်လေးတွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးလင်းထိန်ပြီး အင်းနွေးထွေးတယ်ဆိုတဲ့ခံစားချက်မျိုး။ သူဘဝက မေမေဆုံးသွားပြီးကတည်းက ငါကြောင့်ဆိုတဲ့အပြစ်တင်စိတ်နဲ့ ငါ့ကိုဘယ်သူမှနားမလည်ပေးနိုင်ဘူးဆိုတဲ့စိတ်အစဉ်နဲ့ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်းနေနေခဲ့တာ။ ခုတော့‌သူရဲ့ မှောင်မိုက်တဲ့ကမ္ဘာကြီးကို နေရောင်ခြည်လေးကအလင်းရောင်တွေထွန်းရင်းဝင်ရောက်လာခဲပြီ...အတွေးစတွေနဲ့အတူပြုံးရင်းပွန်က ဖူဝင်းရှိရာကုတင်ဆီမျက်နှာမူ၍ တစောင်းအနေအထားအိပ်လျက်နဲ့ကြည့်မိတယ်။

အဆောင်မှာနေတဲ့အချိန် လိုအပ်လာမယ့် ပစ္စည်းတွေသွားဝယ်ပြီး ကိုယ့်အဆောင်ခန်းကိုပြန်လာချိန် "ရတယ်ခဗျ ကျတော်ဘာသာ မလိုက်မယ်ဦးကြီး။" သူ့အထုပ်တွေမပေးနေတဲ့ လူကြီးတစ်ဦးအား လေးမှာစိုးသည့်အလား ပြောလာတဲ့အသံချိုချိုလေးကြောင့် ကိုယ့်ကိုယ်ကိုတောင် သတိမထားမိဘဲ မှင်သက်စွာပွန်ကြည့်လိုက်မိတယ်။ ပုံမှန်ဆို ဘယ်သူ့ကိုမှattentionပေးပြီးမကြည့်တတ်တဲ့လူက ခုဒီကောင်လေးနဲ့ကျမှလေ... ဘယ်လောက်တောင်တိုက်ဆိုင်မှုလဲ အဲ့ဖြူဖွေးဖွေးအသားအရည်နဲ့ပိုးဟပ်ဖြူကောင်လေးက ကျတော်နဲ့အခန်းတူတူတဲ့ဗျာ။ အဲ့ပိုးဟက်ဖြူလေးမှာ လူတိုင်းကြိုက်ပြီးနှစ်လိုဖွယ်ကောင်းတဲ့အကျင့်လေးတွေရှိနေတတ်တယ်။ ဘာတွေလဲဆိုတော့ ပြော‌ပြနေစရာတောင်မလိုပါဘူး ‌သူနဲ့ရှိနေရင် နွေးထွေးတယ်ဆိုတဲ့စိတ်၊ တစ်ပါးသူအပေါ်နားလည်ပေးနိုင်စွမ်း၊ အကောင်းမြင်တတ်တဲ့စိတ်၊ ဂရုစိုက်ကြင်နာတတ်တဲ့စိတ် သူ့အကြောင်းပြောရရင်တော့ နှစ်လမဟုတ်ဘူး semester 2ခုပြီးတာတောင်ကုန်ပါ့မလားပဲ။ ဘယ်သူသိမလဲ အဲ့ကောင်လေးကလေ အဲ့လိုအချက်တွေတင်မကဘူး မာနကလည်းခပ်ကြီးကြီးဗျ။ စတွေ့ကတည်းက ကြည့်ပါ့လား သူ့ကို စကား‌စပြောတဲ့ အိုက်ဒန့်ပြောမှသာ စပြောတာမျိုးလေ ဘယ်လို‌ပြောရမလဲ ဖူဝင်းကမှန်တစ်ချပ်လိုပဲ သူ့ကိုပြုမူသလိုမျိုးဆက်ဆံတဲ့‌ပုံမျိုးပေါ့။

The way he behaves🤍Where stories live. Discover now